“ညီမေလးကို ဆံုးရႈံးရတဲ့ အစ္ကိုတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္လာတဲ့ ေစာလားေထာ္ဝါး”

ျမန္မာနိုင္ငံရဲ႕ ျပည္သူေတြၾကားမွာ ေရပန္းစားေနတဲ့ သီခ်င္းဆိုၿပိဳင္ပြဲ တီဗီအစီအစဥ္ပရိုဂရမ္တစ္ခုျဖစ္တဲ့ Myanmar Idol Season (1)ရဲ႕ Winner ဆုရွင္ ေစာလားေထာ္ဝါးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ၿပိဳင္ပြဲၿပီးသြားတဲ့ ေနာက္မွာေတာ့ လားလားက ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိၿပီး အဆိုေတာ္တစ္ဦးအျဖစ္ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္..။ ရရွိတဲ့ အနုပညာေၾကးေငြေတြကုိ ခ်စ္ရတဲ့ ညီမေလး ေနမေကာင္းျဖစ္ေနတာကို ေ ဆးကုသေပးေနခဲ့တာပါ..။

 

 

ညီမျဖစ္သူ ေနေကာင္းက်န္းမာ ေပ်ာ္ရႊင္ဖို႕အတြက္ အဓိကထားၿပီး လုပ္ေဆာင္ေနခဲ့ေပမယ့္ မတ္လ (၁၆)ရက္ေန႕မွာေတာ့ ညီမျဖစ္သူက သူတို႕မိသားစုနဲ႕ အၿပီးတိုင္ခြဲခြာကာ ကြယ္လြန္သြားခဲ့ပါတယ္..။ လားလားဟာ ညီမျဖစ္သူအတြက္ မခံစားနိုင္ေအာင္ ဝမ္းနည္းေနရၿပီး သတိရတိုင္း ညီမျဖစ္သူရဲ႕ အုတ္ဂူဆီကို သြားေရာက္ကာ နွစ္သိမ့္ေနရတာပါ…။ဒီေန႕ ဧၿပီလ (၂၃)ရက္ေန႕မွာလည္း ညီမျဖစ္သူကို သတိရေနတဲ့ အေၾကာင္းေလးကို “ကြၽန္ေတာ့္ရဲ႕ညီမေလး ေနေကာင္းက်န္းမာတယ္ မဟုတ္လားလို႔ ဘုရားကို ေမးမိတယ္” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

လားလားကေတာ့ ညီမျဖစ္သူကို သတိရစိတ္နဲ႕ ဝမ္းနည္းမႈေလးကို ရင္ဖြင့္ရင္း ညီမျဖစ္သူနဲ႕ ရိုက္ထားတဲ့ အမွတ္တရေလးေတြကို သိမ္းထားတဲ့ ပံုရိပ္ေလးေတြကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီး ညီမျဖစ္သူကို သတိရကာ ဝမ္းနည္းေနတဲ့ ေစာလားေထာ္ဝါးအတြက္ အားေပးနွစ္သိမ့္စကားေလးေတြကိုလည္း ေျပာေပးသြားၾကပါဦးေနာ္.။
Source: Saw Lah Htwar Lah’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ညီမလေးကို ဆုံးရှုံးရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ စောလားထော်ဝါး”

မြန်မာနိုင်ငံရဲ့ ပြည်သူတွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းဆိုပြိုင်ပွဲ တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ Myanmar Idol Season (1)ရဲ့ Winner ဆုရှင် စောလားထော်ဝါးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပြိုင်ပွဲပြီးသွားတဲ့ နောက်မှာတော့ လားလားက ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိပြီး အဆိုတော်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်..။ ရရှိတဲ့ အနုပညာကြေးငွေတွေကို ချစ်ရတဲ့ ညီမလေး နေမကောင်းဖြစ်နေတာကို ဆေးကုသပေးနေခဲ့တာပါ..။

ညီမဖြစ်သူ နေကောင်းကျန်းမာ ပျော်ရွှင်ဖို့အတွက် အဓိကထားပြီး လုပ်ဆောင်နေခဲ့ပေမယ့် မတ်လ (၁၆)ရက်နေ့မှာတော့ ညီမဖြစ်သူက သူတို့မိသားစုနဲ့ အပြီးတိုင်ခွဲခွာကာ ကွယ်လွန်သွားခဲ့ပါတယ်..။ လားလားဟာ ညီမဖြစ်သူအတွက် မခံစားနိုင်အောင် ဝမ်းနည်းနေရပြီး သတိရတိုင်း ညီမဖြစ်သူရဲ့ အုတ်ဂူဆီကို သွားရောက်ကာ နှစ်သိမ့်နေရတာပါ…။ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာလည်း ညီမဖြစ်သူကို သတိရနေတဲ့ အကြောင်းလေးကို “ကျွန်တော့်ရဲ့ညီမလေး နေကောင်းကျန်းမာတယ် မဟုတ်လားလို့ ဘုရားကို မေးမိတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လားလားကတော့ ညီမဖြစ်သူကို သတိရစိတ်နဲ့ ဝမ်းနည်းမှုလေးကို ရင်ဖွင့်ရင်း ညီမဖြစ်သူနဲ့ ရိုက်ထားတဲ့ အမှတ်တရလေးတွေကို သိမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီး ညီမဖြစ်သူကို သတိရကာ ဝမ်းနည်းနေတဲ့ စောလားထော်ဝါးအတွက် အားပေးနှစ်သိမ့်  စကားလေးတွေကိုလည်း ပြောပေးသွားကြပါဦးနော်.။
Source: Saw Lah Htwar Lah’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!