

 

 


 

 

 


 

Source: Kyaw Kyaw Bo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဇာတ်မင်းသားကြီး ဦးဝင်းဗိုလ်ရဲ့ သွေးတွေစီးဆင်းနေကြောင်း မြန်မာသံစဉ်တေးသီချင်းနဲ့ အိန္ဒိယသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်ဆိုပြပြီး သက်သေပြလိုက်တဲ့ ကျော်ကျော်ဗိုလ်

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားကြီး ဝင်းဗိုရဲ့ မျိုးဆက်သစ်ဖြစ်သူ ကျော်ကျော်ဗိုက အနုပညာလောကမှာ အောင်မြင်နေသူတစ်ဦးပါပဲ။ ကျော်ကျော်ဗိုလ်က (၂၀၁၈) ခုနှစ်အတွက် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး သူ့ရဲ့ဘဝကို မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကျော်ကျော်ဗိုလ်က မြန်မာသံစဉ်တေးသီချင်းနဲ့ အိန္ဒိယသီချင်း တစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြခဲ့တာကို တွေ့ရပါတယ်။ ကျော်ကျော်ဗိုလ်က သူ့ရဲ့ ဖခင် ဇာတ်မင်းသားကြီး ဦးဝင်းဗိုလ်ရဲ့ စစ်မှန်တဲ့ အနုပညာအမွေကို ဆက်ခံရရှိထားကြောင်း တွေ့ရတာမို့ Cele Connections ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ကျော်ကျော်ဗိုလ်ကတော့ ဇာတ်မင်းသားတစ်ယောက်အနေနဲ့ မရပ်တည်ပေမယ့် သူ့ရဲ့ ကိုယ်ထဲမှာတော့ ဖခင်ရဲ့ အနုပညာအမွေတွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုလ်ရဲ့ သီချင်းဆိုစွမ်းရည်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Kyaw Kyaw Bo’s fb
Bilie – Cele Connections

error: Alert: Content is protected !!