ယူနီကုဒ်ဖြင့် ဖတ်ရန်
“စိတ်ဆိုးနေတဲ့ သူမကို ချော့တဲ့ ချစ်သူကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်”
ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိင်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားပြီး အများအကျိုးအတွက်ကိုလည်း သူမတတ်နိုင်သလောက် ပါဝင်လုပ်ဆောင်ပေးတတ်တဲ့သူပဲဖြစ်ပါတယ်..။ ခိုင်နှင်းဝေဟာ သားသမီး အယောက် (၃၀)ကို သူမရဲ့ ဝင်ငွေနဲ့ရော အလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့အတူ ကြည့်ရှုစောင့်ရှောက်ပေးနေတာပါ..။
သူမရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေရှေ့ကို တရားဝင်ချပြကာ ပျော်ရွှင်စွာ နေထိုင်ရင်း ချစ်သူနဲ့အတူ ပရဟိတအလုပ်တွေကို တက်ညီလက်ညီ လုပ်ဆောင်နေကြတာပါ..။ သမီးဖြစ်သူကို ရွှန်းရွှန်းလေးနဲ့တည့်တဲ့ ချစ်သူရဲ့ ကြင်နာမှုတွေနဲ့ သူမကို တန်ဖိုးထားလို့ သူမချစ်သူရဲ့ အချစ်တွေကို တန်ဖိုးထားမြတ်နိုးမိတဲ့ အကြောင်းလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်တင်လာခဲ့ဖူးပါတယ်..။ ချစ်သူနဲ့အတူ အမြဲ ချစ်ကြည်နူးစွာ နေတဲ့အချိန်ပုံရိပ်လေးတွေနဲ့ အမှတ်တရလေးတွေကို ဖန်တီးလေ့ရှိသူ ခိုင်နှင်းဝေကတော့ သူမချစ်သူနဲ့အတူ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးကို သူမရဲ့ Tik Tok အကောင့်မှာ တင်လာခဲ့ပါတယ်..။
Tik Tok လေးထဲမှာ စိတ်ကောက်နေတဲ့ သူမကို အနမ်းပေးကာ ချော့တဲ့ ချစ်သူနဲ့အတူ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ ချစ်သူရှေ့မှာ ကလေးလေးတစ်ယောက်လို စိတ်ကောက်ကာ ချစ်ဖို့ကောင်းနေတဲ့ ခိုင်နှင်းဝေနဲ့ ချစ်သူတို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို Cele Connections ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။.
Source: Khine Hnin Wai’s Tik Tok Account
Sakura(Cele Connections)
error: Alert: Content is protected !!