Source: May Kabyar’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ငယ်ငယ်က မုန့်ဟင်းခါးနဲ့ အကြော်ရောင်းတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံနှံနေတဲ့အကြောင်းကို အချက်ကျကျပြောလိုက်တဲ့ မေကဗျာ
သရုပ်ဆောင် မေကဗျာကတော့ အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို သမီးလေးနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မေကဗျာက Stay Home ကာလ အိမ်မှာ မုန့်လုပ်စားရင်း ငယ်ငယ်က သူမအမေချက်တဲ့ မုန့်ဟင်းခါးနဲ့အကြော်ကို သတိရမိကြောင်း ရေးထားရာ လူမှုကွန်ယက်စာမျက်နှာမှာ ကိုယ်တိုင်အကြောင်ရောင်းပြီး မုန့်ဟင်းခါးဆိုင်ဖွင့်ခဲ့ရတယ်ဆိုပြီး ပျံ့နှံ့နေတဲ့အကြောင်းကို အခုလိုပဲ ဖြေရှင်းထားပါတယ်။
“အော် ငါ့နှဲ တင်လိုက်ကြတာ။ အိမ်ကစီးပွားရေး ကလက်ဖက်ရည်ဆိုင် မုန့်အစုံနဲ့ဖွင့်တာပါ အမေ့လက်ရာ မုန့်ဟင်ခါးကနာမည်ကြီး။ ကိုယ်ကငယ်ငယ်တည်းဝင်ရှုပ်နေတာလေးကိုသတိရပြီးတင်လိုက်တာမှ ဘယ်လိုပြောရမလဲမသိတော့ဘူး။အိမ်က ရွှေခြုူးဆေးလိပ်ရုံ၊ ဆန်ပွဲရုံ၊ ဂျုပီတာ အခွေဆိုင်၊လက်ဖက်ရည် ဆိုင်၊ ကုန်စုံဆိုင်၊ ကြေးအိုးဆိုင် အကုန်ဖွင့်ဖူးပါတယ်။ နောက်ဆိုဘာမှမတင်တော့ပါဘူးကွယ်။” ဆိုပြီး ပြောလာပါတယ်။
မေကဗျာကတော့ ပရိသတ်တွေ အထင်အမြင်လွဲစေနိုင်တဲ့အကြောင်းကို အခုလိုပဲ ပြတ်ပြတ်သားသားပြောပြီး ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Source: May Kabyar’s fb
Bilie – Cele Connections
error: Alert: Content is protected !!