“ခ်စ္ခင္ေလးစားရတဲ့ ဆရာမအတြက္ ေမြးေန႕ဆုေတာင္းစကားေလးနဲ႕ ကန္ေတာ့ ဂါရဝျပဳခဲ့တဲ့ ေအးျမျဖဴ”

Myanmar Idol Season (4)ရဲ႕ Top (3)ၿပိဳင္ပြဲဝင္ Runner Up ျဖစ္သူ ေအးျမျဖဴကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ျမန္မာသံစဥ္သီခ်င္းေတြကို ပိုင္နိုင္စြာ သီဆိုနိုင္ၿပီး အကနဲ႕ သရုပ္ေဆာင္အနုပညာေတြကိုလည္း ကၽြမ္းက်င္တဲ့ တက္သစ္စအနုပညာရွင္မေလးတစ္ေယာက္ပဲျဖစ္ပါတယ္..။ အျမဲတမ္းဆရာ၊ ဆရာမေတြရဲ႕ ျပဳစုပ်ိဳးေထာင္မႈနဲ႕ အကနဲ႕ ျမန္မာသီခ်င္းေတြကို သီဆိုရတာကို ေလ့က်င့္ခဲ့ၿပီး ဆုိကေရးတီး ၿပိဳင္ပြဲေတြမွာ ဆုေတြ ရရွိခဲ့ကာ မိဘနဲ႕ ဆရာသမားေတြကို အျပံဳးပန္းဆင္ ေအာင္  လုပ္ေဆာင္ေပးခဲ့တဲ့သူပါ..။

 

 

 

ေအးျမျဖဴေလးဟာ သူမရဲ႕ ၿပိဳင္ပြဲမွာ Top (3)ထိ ပါဝင္ခဲ့ၿပီး ပညာေရးပိုင္းမွာလည္း ေအာင္ျမင္မႈေတြနဲ႕အတူ ေက်ာင္းကို ဂုဏ္ေဆာင္ေပးနိုင္ခဲ့လို႕ ေက်ာင္းနဲ႕ ဆရာ၊ ဆရာမတို႕ရဲ႕ ဆုခ်ီးျမင့္ျခင္းကို ရရွိခဲ့ပါေသးတယ္။ ဒီေန႕ ဧၿပီလ (၂၃)ရက္ေန႕မွာေတာ့ ေအးျမျဖဴေလးက သူမရဲ႕ ဆရာမျဖစ္သူ ဆရာမေဒၚေရႊမိုးရဲ႕ ေမြးေန႕ေလးကို ကိုယ္တိုင္သြားေရာက္ကာ ေမြးေန႕ကိတ္မုန္႕ေလးနဲ႕အတူ ဆရာမကို ကန္ေတာ့ခဲ့တဲ့ ပံုရိပ္ေလးေတြကို “Happy birthday Teacher Moe..။ သက္ရွည္က်န္းမာၿပီး ခ်စ္တဲ့သူေတြနဲ႔တစ္သက္လုံးေပ်ာ္႐ႊင္ႏိုင္ပါေစ” ဆိုၿပီး ဆရာမအတြက္ ေမြးေန႕ဆုေတာင္းစကားေလး ကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။

 

 

ခ်စ္ခင္ေလးစားရတဲ့ ဆရာမရဲ႕ ေမြးေန႕အတြက္ အိမ္ကို သြားေရာက္ကာ ကိတ္မုန္႕ေလးနဲ႕အတူ ကန္ေတာ့ကာ ဂါရဝျပဳခဲ့တဲ့ ေအးျမျဖဴေလးကေတာ့ တပည့္အလိမၼာေလးဆိုတာ အေသအခ်ာပါပဲေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ေအးျမျဖဴေလးရဲ႕ ဆရာမေဒၚေရႊမိုးအတြက္ ေမြးေန႕ဆုေတာင္းေလးေတြကို ဆုေတာင္းေပးသြားၾကပါဦးေနာ္..။
Source: Aye Mya Phyu’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ချစ်ခင်လေးစားရတဲ့ ဆရာမအတွက် မွေးနေ့ဆုတောင်းစကားလေးနဲ့ ကန်တော့ ဂါရဝပြုခဲ့တဲ့ အေးမြဖြူ”

Myanmar Idol Season (4)ရဲ့ Top (3)ပြိုင်ပွဲဝင် Runner Up ဖြစ်သူ အေးမြဖြူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မြန်မာသံစဉ်သီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်ပြီး အကနဲ့ သရုပ်ဆောင်အနုပညာတွေကိုလည်း ကျွမ်းကျင်တဲ့ တက်သစ်စအနုပညာရှင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်..။ အမြဲတမ်းဆရာ၊ ဆရာမတွေရဲ့ ပြုစုပျိုးထောင်မှုနဲ့ အကနဲ့ မြန်မာသီချင်းတွေကို သီဆိုရတာကို လေ့ကျင့်ခဲ့ပြီး ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ဆုတွေ ရရှိခဲ့ကာ မိဘနဲ့ ဆရာသမားတွေကို အပြုံးပန်းဆင် အောင် လုပ်ဆောင်ပေးခဲ့တဲ့သူပါ..။

အေးမြဖြူလေးဟာ သူမရဲ့ ပြိုင်ပွဲမှာ Top (3)ထိ ပါဝင်ခဲ့ပြီး ပညာရေးပိုင်းမှာလည်း အောင်မြင်မှုတွေနဲ့အတူ ကျောင်းကို ဂုဏ်ဆောင်ပေးနိုင်ခဲ့လို့ ကျောင်းနဲ့ ဆရာ၊ ဆရာမတို့ရဲ့ ဆုချီးမြင့်ခြင်းကို ရရှိခဲ့ပါသေးတယ်။ ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာတော့ အေးမြဖြူလေးက သူမရဲ့ ဆရာမဖြစ်သူ ဆရာမဒေါ်ရွှေမိုးရဲ့ မွေးနေ့လေးကို ကိုယ်တိုင်သွားရောက်ကာ မွေးနေ့ကိတ်မုန့်လေးနဲ့အတူ ဆရာမကို ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို “Happy birthday Teacher Moe..။ သက်ရှည်ကျန်းမာပြီး ချစ်တဲ့သူတွေနဲ့တစ်သက်လုံးပျော်ရွှင်နိုင်ပါစေ” ဆိုပြီး ဆရာမအတွက် မွေးနေ့ဆုတောင်းစကားလေး ကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ချစ်ခင်လေးစားရတဲ့ ဆရာမရဲ့ မွေးနေ့အတွက် အိမ်ကို သွားရောက်ကာ ကိတ်မုန့်လေးနဲ့အတူ ကန်တော့ကာ ဂါရဝပြုခဲ့တဲ့ အေးမြဖြူလေးကတော့ တပည့်အလိမ္မာလေးဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အေးမြဖြူလေးရဲ့ ဆရာမဒေါ်ရွှေမိုးအတွက် မွေးနေ့ဆုတောင်းလေးတွေကို  ဆုတောင်းပေးသွားကြပါဦးနော်..။
Source: Aye Mya Phyu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!