

 

 


 

 


ယူနီကုတ်ဖြင့်ဖတ်ရန်

” ကိုပေါက် TikTok တွေနဲ့ပတ်သက်ပြီး သူမရဲ့အမြင်ကို ပြောပြလာတဲ့ သဇင်ထူးမြင့် ”

CeleConnections ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အပြင် သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။

အမျိုးသားထုကြီးရဲကအားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီးလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။သဇင်ထူးမြင့်ကတော့ ခုနောက်ပိုင်းမှာ Music MTV တွေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေပါရိုက်ကူးနေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ အားတဲ့အချိန်လေးတွေမှာလည်း TikTok လေးတွေရိုက်ကူးတတ်ပါသေးတယ် ။

အနုပညာရှင်တော်တော်များများ Stay Home ကာလမှာ TikTok လေးတွေဆော့ကစားကာ အပျင်းပြေဖို့ ပရိသတ်တွေကိုေ ဝမျှလေ့ရှိကြတာပါပဲ။ TikTok ဆော့ကာ ပရိသတ်တွေအပန်းဖြေို့ ဝေမျှသူတွေထဲမှာ ဒါရိုက်တာ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် ကိုပေါက်လည်း ပါဝင်တာပဲ ဖြစ်ပါတယ်။ကိုပေါက်ရဲ့ TikTok တွေကတော့ ပရိသတ်တွေ တဝါးဝါးနဲ့ပါးစပ်စိမရအောင်အူတက်စေတာကြောင့် TikTok ပရိသတ်တွေကတော့ ကိုပေါက် TikTok တွေကို မှတ်ချက်တွေပေးနေကြတာပါ။ဒီနေ့မှာတော့ သဇင်ထူးမြင့်တစ်ယောက် ” ဦးပေါက် tiktokတွေကြည့်ရတာတနေ့တမျိုးမရိုးရဘူး ” ဆိုတဲ့ မှတ်ချက်လေးပေးကာ ကိုပေါက်ရဲ့ TikTok တွေကိုစုထားတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော သဲလေးလို ကိုပေါက်ရဲ့ TikTok တွေကိုအားပေးတဲ့ ပရိသတ်တွေလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: ThazinHtoo Myint
Candy – CeleConnections

error: Alert: Content is protected !!