ယူနီကုဒ်ဖြင့်ဖတ်ရန်
“ကပ်ဆိုးကြီးပြီးသွားရင် မိတ်ကပ်သင်တန်းနဲ့အတူ ဟင်းချက်သင်တန်းပါဖွင့်တော့မယ်ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)”
မြန်မာနိုင်ငံရဲ့ နာမည်ကျော် Make Up Artistတစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သုသုကတော့ မိတ်ကပ်သင်တန်းတွေဖွင့်ကာ သင်တန်းပေးရင်းနဲ့ နာမည်ကျော ်ရုပ်ရှင်မင်းသားမင်းသမီးတွေကို တမူထူးခြားလှပစွာ ပြင်ဆင်ပေးတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတယ်ဆိုလည်း မမှားလောက်ပါဘူးနော်။ သုသုကတော့ အားပေးနေတဲ့ ပရိသတ်တွေအတွက် ဒီထက်မက အောင်မြင်မှုရရှိအောင်ကြိုးစားနေလျက်ရှိပါတယ်။
ကိုရိုနာရောဂါတွေကြောင့် အလုပ်တွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ သုသုကတော့”ဒီရောဂါ ကပ်ဆိုးကြီးပြီးသွားရင် မိတ်ကပ်ဆံပင် သင်တန်းနဲ့ဟင်းချက်သင်တန်းပါရောဖွင့်မယ်ညော်တော်လည်းချက်တက်နေပြီ ဝက်လည်းဖြစ်နေပြီ” လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သုသုတို့ကတော့ အိမ်မှာနေရတာကြာလို့ ဝက်လည်းဖြစ်နေပါပြီဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် သုသုလေးကတေ့ာ ကပ်ဆိုးကြီးပြီးတာနဲ့ ဟင်းချက်သင်တန်းပါဖွင့်တော့မယ်ဆိုတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သုသုလေးဟင်းချက်သင်တန်းဖွင့်ရင် အားပေးကြမယ်လို့ထင်ပါတယ်။
Soure… Nyi Nyi Maung’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!