BIRTHDAY SHOW ကေနတဆင့္ လႉဒါန္းတဲ့ အလႉေငြေတြထဲက ေငြက်ပ္သိန္း (၃၀၀) ကို ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးကို ထပ္မံလႉဒါန္းခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္

စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ (၁၀) ရက္ေန႔မွာ က်င္းပခဲ့တဲ့ သူ႔ရဲ႕ BIRTHDAY SHOW ကို သူ႔ရဲ႕ အိမ္မွာပဲ Live လႊင့္ၿပီး ျပသခဲ့တာပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ Sai Sai BIRTHDAY SHOW In Bedroom ပြဲႀကီးက အလႉေငြ စုစုေပါင္း သိန္း (၈၀၀) ေက်ာ္ကို ရရွိခဲ့ၿပီး စိုင္းစိုင္းခမ္းလႈိင္က ဧၿပီလ (၁၃) ရက္ေန႔က သိန္း (၃၀၀)ကို Covid အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို လႉဒါန္းခဲ့ၿပီးၿပီပဲ ျဖစ္ပါတယ္။

 

ဒီကေန႔ ဧၿပီလ (၂၂) ရက္ေန႔မွာလည္း ေငြက်ပ္သိန္း (၃၀၀) ကို ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးကို ထပ္မံလႉဒါန္းခဲ့ပါတယ္လို႔ စိုင္းစိုင္းခမ္းလႈိင္က ေျပာထားပါတယ္။ စိုင္းစိုင္းခမ္းလႈိင္က “အလွဴရွင္မ်ားနဲ့တကြ Birthday Show မွာ ပါဝင္ၾကသူမ်ားအားလုံးလည္း လုပ္အားအလႉ အႏုပညာအလႉပါဝင္ထားၾကတာပါ” ဆိုျပီး ေျပာထားပါတယ္။

 

 

စိုင္းစိုင္းခမ္းလိႈင္နဲ့ ပရိသတ္ေတြအားလံုးရဲ့ စုေပါင္းလွဴဒါန္းမႈေလးကေတာ့ Covid – 19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ ထိထိေရာက္ေရာက္ကို အက်ိဳးရိွမွာေသခ်ာပါတယ္။ စိုင္းစိုင္းတစ္ေယာက္ ေနာက္နွစ္ေတြမွာလည္း အခုလိုပဲ ပရိသတ္ေတြနဲ့အတူတူ အလွဴေလး ျပဳလုပ္နိုင္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

 

Source: sai sai kham leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

BIRTHDAY SHOW ကနေတဆင့် လှူဒါန်းတဲ့ အလှူငွေတွေထဲက ငွေကျပ်သိန်း (၃၀၀) ကို ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးကို ထပ်မံလှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ BIRTHDAY SHOW ကို သူ့ရဲ့ အိမ်မှာပဲ Live လွှင့်ပြီး ပြသခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai BIRTHDAY SHOW In Bedroom ပွဲကြီးက အလှူငွေ စုစုပေါင်း သိန်း (၈၀၀) ကျော်ကို ရရှိခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်က ဧပြီလ (၁၃) ရက်နေ့က သိန်း (၃၀၀)ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၂) ရက်နေ့မှာလည်း ငွေကျပ်သိန်း (၃၀၀) ကို ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးကို ထပ်မံလှူဒါန်းခဲ့ပါတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က “အလှူရှင်များနဲ့တကွ Birthday Show မှာ ပါဝင်ကြသူများအားလုံးလည်း လုပ်အားအလှူ အနုပညာအလှူပါဝင်ထားကြတာပါ” ဆိုပြီး ပြောထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ ပရိသတ်တွေအားလုံးရဲ့ စုပေါင်းလှူဒါန်းမှုလေးကတော့ Covid – 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ထိထိရောက်ရောက်ကို အကျိုးရှိမှာသေချာပါတယ်။ စိုင်းစိုင်းတစ်ယောက် နောက်နှစ်တွေမှာလည်း အခုလိုပဲ ပရိသတ်တွေနဲ့အတူတူ အလှူလေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: sai sai kham leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!