

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“လေးစားရတဲ့ စီနီယာဒိုင်လူကြီး ဖြူဖြူကျော်သိန်းအတွက် ထူးထူးခြားခြားလေး မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဘင်ဂျမင်ဆုမ်း”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် တက်သစ်စ အဆိုတော် ဘင်ဂျမင်ဆုမ်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ Myanmar Idol Season (4)ရဲ့ ပြိုင်ပွဲဝင်ဟောင်း Runner Up တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းဟာ ပြိုင်ပွဲမှာ သူပိုင်ဆိုင်ထားတဲ့ အနုပညာအရည်အချင်းတွေကို ချပြပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်..။ ပြိုင်ပွဲပြီးသွားတဲ့ နောက်ပိုင်းမှာလည်း ချစ်ရတဲ့ အမာခံ ပရိသတ်တွေနဲ့ တွေ့ဆုံကာ စတင်ပြီး သူ့ရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပါ..။

ဒိုင်လူကြီးဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့အတူ Cover Song လေးတစ်ပုဒ်ကို သီဆိုဖို့အတွက် အတူတူ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပါသေးတယ်.။ စီနီယာကျတဲ့ ဒိုင်လူကြီး အနုပညာ ရှင် ဖြူဖြူကျော်သိန်းနဲ့အတူတူ အနုပညာအလုပ်ကို လုပ်ဆောင်ခွင့်ရလို့ ပျော်ရွှင်မိတဲ့ အကြောင်းလေးကိုလည်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်..။ ဒီနေ့ ဧပြီလ (၂၂)ရက်နေ့မှာကျရောက်တဲ့ စီနီုယာ အဆိုတော်ဖြစ်သူ ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးတဲ့ စာလေးကို “Happy Birthday ပါ Ma Phyu ( Phyuphyukyawthein).. God Bless You always.. Be Happy! Be a wonderful human as always”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.. ။

ဘင်ဘင်လေးက အမြဲစနောက်ကာ ပျော်ရွှင်စွာ နေထိုင်ပြီး ဂျူနီယာတွေကို လက်တွဲခေါ်ဆောင်ပေးတဲ့ ဖြူဖြူကျော်သိန်းအတွက် မွေးနေ့ဆုတောင်းလေး တောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ CeleConnections ပရိသတ်ကြီးလည်း ဒီနေ့ ဧပြီလ (၂၂)ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ ဖြူဖြူကျော်သိန်းအတွက် မွေးနေ့ ဆုမွန်ကောင်းလေး  တောင်းပေးခဲ့ပါဦးနော်..။
Source: Bemjamin Sum’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!