ယူနီကုဒ်ဖြင့်ဖတ်ရန်
“မွေးရပ်မြေကို တမ်းတလွမ်းမိစေမယ့် သီချင်းသစ်ထွက်ရှိဖို့ ကြိုးစားနေတဲ့ ဟန်ထူးဈာန်”
ပြိုင်ပွဲအစီအစဉ်တွေထဲကမှ အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဟန်ထူးဈာန်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဟန်ထူးဈာန်ကတော့ ပြိုင်ပွဲပြီးကတည်းက အခုချိန်ထိကို အောင်မြင်လာတဲ့အပြင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ သီချင်းတိုင်းတော်တော်များများကတော့ ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။
ကိုရိုနာဖြစ်ပွားနေပေမယ့် အိမ်မှာနေရင်း သူကိုအားပေးနေတဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၂၂)ရက်နေ့မှာတော့ ဟန်ထူးဈာန်က “အရမ်းခက်ခဲပေမယ့် ဒီကြားထဲ #မွေးရပ်မြေသို့အလွမ်း သီချင်းသစ်ကို ထွက်နိူင်အောင် နည်းအမျိုးမျိုးနဲ့ကြိုးစားကြည့်ဖို့ပြင်ဆင်ပေးနေပါတယ်” လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာရောဂါတွေဖြစ်နေတာကြောင့် သီချင်းအသစ်ထွက်နိုင်အောင် ကြိုးစားလျက်ရှိကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ဟန်ထူးဈာန်က သီချင်းအသစ်ထွက်ဖို့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဟန်ထူးဈာန်ရဲ့ ထွက်ရှိမယ့်သီချင်းအသစ်ကို အားပေးစောင့်မျှော်ပေးကြအုံးနော်။
Soure… Han Htoo Zen’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!