

 

 


 


 

 

Source: Melody Myo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မေမေစားဖို့ ဟင်းတွေ ကူညီပြီးချက်ပြုတ်ပေးတဲ့ သားလိမ္မာလေး သိဒ္ဒိစစ်ကြောင့် စိတ်ချမ်းသာနေရတဲ့ မယ်လိုဒီ

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်ကလဲ အမေလိုပဲ ချောချောလေးမို့ ပရိသတ်တွေကလဲ သားလေးကို ချစ်ခင်ကြပါတယ်။

လိမ္မာရေးခြားရှိတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီဟာ ဒီနေ့မှာလည်း အမေကို အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးတဲ့ သားလေးကြောင့် စိတ်ချမ်းသာနေရတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဒိစစ်ရဲ့ အမေကို ကူညီပေးနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မယ်လိုဒီကတော့ ဘုရားတရားလည်းသိ၊ မိဘအပေါ်လည်း လိမ္မာသိတတ်တဲ့ သားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီရဲ့ သားလေး သိဒ္ဒိစစ်ရဲ့ လိမ္မာရေးခြားရှိတဲ့ပုံလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections

error: Alert: Content is protected !!