

 


 


 

Source: Htwe Lynn Ko’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖေဖေလင်းနဲ့အတူတူ အကြမ်းပတန်းဆော့ပြီး ပျော်ရွှင်နေကြတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

Quarantine ကာလ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖြစ်တဲ့ ဖေဖေလင်းလင်းကတော့ သမီးတွေနဲ့ ပိုပြီး အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းနဲ့ ခေတ်သစ်ညီအစ်မက Smack Down ချပြီး ဆော့နေကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အဆော့မက်တဲ့ ခေတ်လေးနဲ့ သစ်လေးကတော့ ဖေဖေလင်းလင်းနဲ့ ဒီလိုမျိုးဆော့နေရရင် အရမ်းကို ပျော်နေတာပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း လင်းလင်းနဲ့ ခေတ်သစ်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!