အိမ္သားေတြအတြက္ အမ်ိဳးမ်ိဳးခ်က္ျပဳတ္ရလို႔ ပင္ပန္းေပမယ့္ အလိုက္သိလြန္းတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ ခ်စ္သုေဝ

အဆိုေတာ္ သ႐ုပ္ေဆာင္ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ခ်စ္သုေဝဟာ အိမ္မႈကိစၥအဝဝကိုလည္း ႏိုင္နင္းကြၽမ္းက်င္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ခ်စ္သုေဝက Covid- 19 ေၾကာင့္ အိမ္မွာ တစ္စက္ကေလးမွ မနားရေပမယ့္ အလိုက္သိတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားတာေၾကာင့္ စိတ္ခ်မ္းသာေနရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။

 

 

 

“ကပ္ႀကီးအတြင္းမွ tre layလက္ရာတစ္ခ်ိဳ႕။ တစ္စက္ကေလးမွမနားရေသးဘူး။ လူအားရင္ ပါးစပ္နဲ႔ဦးေႏွာက္မအားဘူး။ ေအး ..stay at homeမွာ ႐ုပ္ရွင္ေလးၾကည့္ အေအးေလးေသာက္ တစ္ရက္ေလာက္ေတာ့ေနဖူးခ်င္တာဟယ္ တကယ္ပါ။ တစ္ေယာက္တည္းေနာ္ ဟို ကေလာင္သုံးေကးလည္းအနားမရွိပဲ။ ဒါမွမဟုတ္လည္း အနားမွာေတာ့ေန မဂ်ီ မအီ ဘာdemandမွမလုပ္ပဲေန။ ပိုင္သကြာ.. ျဖစ္ခ်င္တာေလးေတာ့ခ်ေရးမယ္ေလ ရတယ္မို႔လား။ ကိုယ္အရမ္းပင္ပမ္းသြားၿပီ။ ခ်စ္စရာ tre lay ရဲ႕ ​ေဘပူး​ေလးပါ❤ သူအင္မတန္ခ်စ္ဖို႔​ေကာင္း အဲ့လို​ေလးအၿမဲ​ေန တခါခါ ​ေပကပ္ကပ္ ဘုတုတု​ေတြမလုပ္နဲ႔​ေတာ့။” ဆိုျပီး ေျပာထားပါတယ္။

 

 

ခ်စ္သုေဝက အိမ္သားေတြအတြက္ ပင္ပန္းေပမယ့္ ခင္ပြန္းျဖစ္သူရဲ့ ဂရုစိုက္ အလိုက္သိမႈနဲ့ သမီးေလးေတြရဲ့ အျပံုးေလးေတြေၾကာင့္ စိတ္ေပ်ာ္ရႊင္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္္ၾကီးလည္း ေပ်ာ္ရႊင္မႈေတြ ျပည့္နွက္ေနတဲ့ ခ်စ္သုေဝတို့ မိသားစုေလးကို အားက်ေနၾကျပီ ထင္ပါတယ္ေနာ္။

 

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်သားတွေအတွက် အမျိုးမျိုးချက်ပြုတ်ရလို့ ပင်ပန်းပေမယ့် အလိုက်သိလွန်းတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေ

အဆိုတော် သရုပ်ဆောင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေဟာ အိမ်မှုကိစ္စအဝဝကိုလည်း နိုင်နင်းကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သုဝေက Covid- 19 ကြောင့် အိမ်မှာ တစ်စက်ကလေးမှ မနားရပေမယ့် အလိုက်သိတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် စိတ်ချမ်းသာနေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“ကပ်ကြီးအတွင်းမှ tre layလက်ရာတစ်ချို့။ တစ်စက်ကလေးမှမနားရသေးဘူး။ လူအားရင် ပါးစပ်နဲ့ဦးနှောက်မအားဘူး။ အေး ..stay at homeမှာ ရုပ်ရှင်လေးကြည့် အအေးလေးသောက် တစ်ရက်လောက်တော့နေဖူးချင်တာဟယ် တကယ်ပါ။ တစ်ယောက်တည်းနော် ဟို ကလောင်သုံးကေးလည်းအနားမရှိပဲ။ ဒါမှမဟုတ်လည်း အနားမှာတော့နေ မဂျီ မအီ ဘာdemandမှမလုပ်ပဲနေ။ ပိုင်သကွာ.. ဖြစ်ချင်တာလေးတော့ချရေးမယ်လေ ရတယ်မို့လား။ ကိုယ်အရမ်းပင်ပမ်းသွားပြီ။ ချစ်စရာ tre lay ရဲ့ ဘေပူးလေးပါ❤ သူအင်မတန်ချစ်ဖို့ကောင်း အဲ့လိုလေးအမြဲနေ တခါခါ ပေကပ်ကပ် ဘုတုတုတွေမလုပ်နဲ့တော့။” ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေက အိမ်သားတွေအတွက် ပင်ပန်းပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက် အလိုက်သိမှုနဲ့ သမီးလေးတွေရဲ့ အပြုံးလေးတွေကြောင့် စိတ်ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ ချစ်သုဝေတို့ မိသားစုလေးကို အားကျနေကြပြီ ထင်ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!