“အိမ္မွာေနရင္း အမိုက္စား ေဘာ္ဒီေလးပိုင္ဆိုင္နိုင္ေအာင္ ႀကိဳးစားေလ့က်င့္ခန္းလုပ္ေနတဲ့ မယ္လိုဒီရဲ႕ ဗီဒီယုိဖိုင္ေလး”

ကာရိုက္တာတိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နုိင္တဲ့ မင္းသမီးေခ်ာ မယ္လိုဒီကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။မယ္လိုဒီကေတာ့ ကေလးအေမတစ္ေယာက္လို႕ ေျပာရင္ မယံုနိုင္ေအာင္ျဖစ္ေစမယ့္ လွပလြန္းတဲ့ အသားအရည္ေတြနဲ႕ အလွတရားေတြကို ပိုင္ဆုိင္ထားတဲ့သူလို႕ ဆုိရင္ မွားမယ္ မထင္ပါဘူး..။ မယ္လိုဒီက သူမရဲ႕ အနုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း စာေရးဖို႕ ဝါသနာေၾကာင့္ ရံဖန္ရံခါမွာ သူမေရးထားတဲ့ စာေလးေတြကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ  ေရးတင္ေလ့ရွိသူပါ..။

 

 

 

အနုပညာရွင္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ မယ္လိုဒီက သူမရဲ႕ ကေလးေမြးၿပီး ေျပာင္းလဲသြားတဲ့ ခႏၶာကိုယ္ပံုစံေၾကာင့္ ေဝဖန္မႈေတြရွိေနေပမယ့္ ေျပာင္းလဲနိုင္ေအာင္ အစားအေသာက္ပိုင္းနဲ႕ေရာ ေလ့က်င့္ခန္းေတြကိုပါ မနားမေန ျပဳလုပ္ေနတဲ့ သူပါ..။ ကိုယ္တိုင္ ႀကိဳးစားၿပီး ဝိတ္ခ်ေနေပမယ့္ ထူးထူးေထြေထြ ေျပာင္းလဲမသြားတာေၾကာင့္ သူမစိတ္ညစ္ေနရတဲ့ အေၾကာင္းေလးေတြကို လူမႈကြန္ရက္စာမ်က္နွွာေပၚ မွာ ရင္ဖြင့္ တင္ေလ့ရွိပါတယ္..။ ဧၿပီလ (၂၁)ရက္ေန႕မွာေတာ့ မယ္လိုဒီက အိမ္မွာေနရင္းလည္း ႀကိဳးႀကိဳးစားစားေလ့က်င့္ေနတဲ့ အေၾကာင္းေလးကို “အင္း ပ်င္းပ်င္းနဲ႔ပဲ လွခ်င္ေနတာ” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

 

အိမ္မွာေနရင္း ေဘာ္ဒီ အမိုက္စားေလးကို ပိုင္ဆိုင္ဖို႕အတြက္ Plank ေထာင္ကာ ေလ့က်င့္ခန္းလုပ္ေနတဲ့ သူမရဲ႕ ဗီဒီယုိဖိုင္ေလးကို တင္လာခဲ့တာပဲျဖစ္ပါတယ္..။ အားပါးတရ ေလ့က်င့္ခန္းလုပ္ေနတဲ့ မယ္လိုဒီကေတာ့ ေလ့က်င့္ခန္းလုပ္ေနတာေတာင္ လွပလြန္းေနတဲ့သူပါပဲေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း မယ္လိုဒီရဲ႕ Plank ေထာင္ ေလ့က်င့္ခန္းလုပ္ေနတဲ့ ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္ေနာ္..။
Source: Melody Myo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အိမ်မှာနေရင်း အမိုက်စား ဘော်ဒီလေးပိုင်ဆိုင်နိုင်အောင် ကြိုးစားလေ့ကျင့်ခန်းလုပ်နေတဲ့ မယ်လိုဒီရဲ့ ဗီဒီယိုဖိုင်လေး”

ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော မယ်လိုဒီကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။မယ်လိုဒီကတော့ ကလေးအမေတစ်ယောက်လို့ ပြောရင် မယုံနိုင်အောင်ဖြစ်စေမယ့် လှပလွန်းတဲ့ အသားအရည်တွေနဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့သူလို့ ဆိုရင် မှားမယ် မထင်ပါဘူး..။ မယ်လိုဒီက သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း စာရေးဖို့ ဝါသနာကြောင့် ရံဖန်ရံခါမှာ သူမရေးထားတဲ့ စာလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်လေ့ရှိသူပါ..။

အနုပညာရှင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မယ်လိုဒီက သူမရဲ့ ကလေးမွေးပြီး ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ဝေဖန်မှုတွေရှိနေပေမယ့် ပြောင်းလဲနိုင်အောင် အစားအသောက်ပိုင်းနဲ့ရော လေ့ကျင့်ခန်းတွေကိုပါ မနားမနေ ပြုလုပ်နေတဲ့ သူပါ..။ ကိုယ်တိုင် ကြိုးစားပြီး ဝိတ်ချနေပေမယ့် ထူးထူးထွေထွေ ပြောင်းလဲမသွားတာကြောင့် သူမစိတ်ညစ်နေရတဲ့ အကြောင်းလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ရင်ဖွင့် တင်လေ့ရှိပါတယ်..။ ဧပြီလ (၂၁)ရက်နေ့မှာတော့ မယ်လိုဒီက အိမ်မှာနေရင်းလည်း ကြိုးကြိုးစားစားလေ့ကျင့်နေတဲ့ အကြောင်းလေးကို “အင်း ပျင်းပျင်းနဲ့ပဲ လှချင်နေတာ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အိမ်မှာနေရင်း ဘော်ဒီ အမိုက်စားလေးကို ပိုင်ဆိုင်ဖို့အတွက် Plank ထောင်ကာ လေ့ကျင့်ခန်းလုပ်နေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်..။ အားပါးတရ လေ့ကျင့်ခန်းလုပ်နေတဲ့ မယ်လိုဒီကတော့ လေ့ကျင့်ခန်းလုပ်နေတာတောင် လှပလွန်းနေတဲ့သူပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မယ်လိုဒီရဲ့ Plank ထောင် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source: Melody Myo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!