အဆိုေတာ္ ေဇာ္ဝင္းထြဋ္ ရဲ့ Covid – 19 ေဆးစစ္ခ်က္အေျဖ Negative ထြက္ရိွ

နိုင္ငံေက်ာ္ Rock အဆိုေတာ္ၾကီး ေဇာ္ဝင္းထြဋ္ဟာ Covid – 19 ကူးစက္ခံရသူ လူနာနဲ့ နီးနီးကပ္ကပ္ရိွေနခဲ့တာေၾကာင့္ သူ့သေဘာ ဆႏၵအေလ်ာက္ Quarantine (21) ရက္ဝင္ျပီး ေဆးစစ္မႈ ခံယူထားတာပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္ရဲ့ မိသားစုေတြနဲ့တကြ ပရိသတ္ေတြ အားလံုးက စိတ္ပူေနၾကတာျဖစ္ျပီး ဒီေန့သိရတဲ့ ေဆးစစ္ခ်က္အေျဖမွာေတာ့ ဇာ္ဝင္းထြဋ္ဟာ Covid – 19 ေရာဂါပိုးမရိွေၾကာင့္ အေျဖထြက္လာေၾကာင္း သမီးျဖစ္သူ ဝင္းထြဋ္တာရာက ေျပာျပထားပါတယ္။

 

 

“မေန႔ မနက္က လာစစ္ေပးသြားတယ္ဆိုကတည္းက တစ္အိမ္လုံး ရင္ခုန္ေနၾကတာ။ အထုတ္ပဲ ျပင္ထားရမလိုလို၊ ထိုင္ရမလို၊ ထရမလို၊ ရယ္ခ်င္သလိုလို၊ အိမ္သာပဲ ဝင္ခ်င္သလိုလိုနဲ႔။ ႏွစ္နဲ႔ခ်ီၾကာသလို ခံစားရတဲ့ တစ္ရက္ပဲ! MOHS page ကို Refresh ရတာလဲ ေသမလိုပဲ။ ခုမွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။ တစ္ေဆာင္လုံး Negative တဲ့။ စိတ္ပူေပးၾကတဲ့၊ ဝိုင္းဆုေတာင္းေပးၾကတဲ့၊ ကူညီေပးၾကတဲ့သူေတြ အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။” ဆိုျပီး သူမရဲ့ ဖခင္အေၾကာင္းကို ဝမ္းသာစြာ ေျပာထားပါတယ္။

 

 

ေဇာ္ဝင္းထြဋ္ကေတာ့ Covid – 19 ေရာဂါပိုး ကူးစက္ခံရျခင္းမရိွတာေၾကာင့္ မၾကာခင္အခ်ိန္အတြင္း အိမ္ျပန္ရေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဇာ္ဝင္းထြဋ္ရဲ့ သတင္းေကာင္းအတြက္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Win Htut Tara’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အဆိုတော် ဇော်ဝင်းထွဋ် ရဲ့ Covid – 19 ဆေးစစ်ချက်အဖြေ Negative ထွက်ရှိ

နိုင်ငံကျော် Rock အဆိုတော်ကြီး ဇော်ဝင်းထွဋ်ဟာ Covid – 19 ကူးစက်ခံရသူ လူနာနဲ့ နီးနီးကပ်ကပ်ရှိနေခဲ့တာကြောင့် သူ့သဘော ဆန္ဒအလျောက် Quarantine (21) ရက်ဝင်ပြီး ဆေးစစ်မှု ခံယူထားတာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ မိသားစုတွေနဲ့တကွ ပရိသတ်တွေ အားလုံးက စိတ်ပူနေကြတာဖြစ်ပြီး ဒီနေ့သိရတဲ့ ဆေးစစ်ချက်အဖြေမှာတော့ ဇာ်ဝင်းထွဋ်ဟာ Covid – 19 ရောဂါပိုးမရှိကြောင့် အဖြေထွက်လာကြောင်း သမီးဖြစ်သူ ဝင်းထွဋ်တာရာက ပြောပြထားပါတယ်။

“မနေ့ မနက်က လာစစ်ပေးသွားတယ်ဆိုကတည်းက တစ်အိမ်လုံး ရင်ခုန်နေကြတာ။ အထုတ်ပဲ ပြင်ထားရမလိုလို၊ ထိုင်ရမလို၊ ထရမလို၊ ရယ်ချင်သလိုလို၊ အိမ်သာပဲ ဝင်ချင်သလိုလိုနဲ့။ နှစ်နဲ့ချီကြာသလို ခံစားရတဲ့ တစ်ရက်ပဲ! MOHS page ကို Refresh ရတာလဲ သေမလိုပဲ။ ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ တစ်ဆောင်လုံး Negative တဲ့။ စိတ်ပူပေးကြတဲ့၊ ဝိုင်းဆုတောင်းပေးကြတဲ့၊ ကူညီပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။” ဆိုပြီး သူမရဲ့ ဖခင်အကြောင်းကို ဝမ်းသာစွာ ပြောထားပါတယ်။

ဇော်ဝင်းထွဋ်ကတော့ Covid – 19 ရောဂါပိုး ကူးစက်ခံရခြင်းမရှိတာကြောင့် မကြာခင်အချိန်အတွင်း အိမ်ပြန်ရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇော်ဝင်းထွဋ်ရဲ့ သတင်းကောင်းအတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။

Source: Win Htut Tara’s fb
Bilie – Cele Connections

error: Alert: Content is protected !!