

 

 


 


ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူမရဲ့ သီချင်း ရေပန်းစားပြီးနောက်ပိုင်းမှာ အခေါ်အဝေါ်အပြောင်းအလဲတွေကြောင့် အဆင်မပြေဖြစ်ရတယ်ဆိုတဲ့ မိစန္ဒီ”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိစန္ဒီနဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိစန္ဒီကတော့ အသည်းကွဲသီချင်းလေးတွေနဲ့ အလွမ်းအဆွေးသီချင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲထိစွဲစေမယ့် သီချင်းလေးတွေကို ဆိုစေနိုင်တဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” ဈေးဗန်း” သီချင်းကတော့ ပရိသတ်တွေကြားမှာ အခုချိန်ထိရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

မိစန္ဒီကတော့ အိမ်မှာနေရင်း ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မိစန္ဒီက” ၂၀၁၆ တုန်းက မိစန္ဒီ
အဲ့ဒီတုန်းကတော့ ပစ်တိုင်းထောင်မလေး ပေါ့ အခုတော့ လူတိုင်းက ဈေးဗန်းခင်းတဲ့ အမကြီးဆိုပြီးပဲ ဝိုင်းဝိုင်းခေါ်နေကြတယ်..သီချင်းလေးတစ်ပုဒ်ဆိုမိပါတယ်” လို့ဆိုကာ သူမရဲ့တွေ့ကြုံခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ထွက်သမျှသီချင်းတွေထဲမှ ပရိသတ်တွေအသိများတဲ့ သီချင်းတွေနဲ့ သူမကိုဝိုင်းခေါ်နေကြတာနဲ့ ပတ်သက်ပြီး တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မိစန္ဒီရဲ့ ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မိစန္ဒီကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Mi Sandi’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!