


 



Source – Sue Sha Naing
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမရဲ့အချစ်တော်လေးတွေနဲ့ အိမ်မှာအချိန်ကုန်ဆုံးနေတဲ့ ပက်ထရစ်ရှာရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ပက်ထရစ်ရှာကတော့ မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူဖြစ်ပြီး မျက်နှာသွင်ပြင်လေးက နိုင်ငံခြားသူတစ်ယောက်လို သွင်ပြင်မို့ ပရိသတ်တွေကို အလှတစ်မျိုးနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ဘော်ဒီသွင်ပြင်တွေကအစ ပြောစရာမလိုအောင် လှပကျော့ရှင်းတဲ့မင်းသမီးတစ်လက်လို့ဆိုရမှာပါ။

မကြာသေးမီက Covid 19 ဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး ပက်ထရစ်ရှာတစ်ယောက်ကတော့ အပြင်ထွက်တဲ့အခါ Mask နဲ့လက်အိတ်တပ်ပြီး ထွက်သင့်ကြောင်းနဲ့ အိမ်မှာပဲနေဖို့ကိုလည်း ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။သူမကိုယ်တိုင်လည်း လက်ရှိမှာတော့ ” အိမ်ကဒယ်ဒီကမွေးလိုက်ရင် German Shepherd တို့ Rottweiler တို့လိုအကောင်အကြီးကြီးတွေ သူကအဲ့လိုကောင်တွေသိပ်ကြိုက်တာကိုယ့်မှာတော့ငယ်ငယ်ကဆိုအဲ့ကောင်ကြီးတွေအနားဖြတ်တောင်မလျှောက်ရဲဘူး ကိုယ့်ကိုကလေးဆိုတော့လှမ်းလှမ်းကိုက်လို့ သူတို့ကိုဆိုလုံးဝချစ်ဘူးကြောင်တွေနဲ့ပဲနေလာတာကြာတော့ ကိုယ့်ကိုကိုယ်ကြောင်တွေကိုပဲချစ်တဲ့ကြောင်ချစ်သူလို့ထင်ထားခဲ့တာ ဒီအလိမ္မာတုံး puppies လေးတွေနဲ့မတွေ့သေးခင်အထိပေါ့

” အရမ်းလိမ္မာတဲ့သားလေးတွေအင်္ကျီဆင်ပေးရင်သိပ်ကြိုက်တာ သူတို့ကိုဆူလိုက်ရင်လည်းစိတ်ကကောက်တတ်သေးတာ ကိုယ်အိမ်သာတက်တာကအစလိုက်စောင့်ပေးတာ မနက်ဆိုရင်ကိုယ်တွေမနိုးမချင်းအိပ်ခန်းထဲမှာဆူဆူညံညံတွေမလုပ်ပဲတိုးတိုးလေးနေတယ် အိပ်ရာနိုးလာပြီဆိုမှနှုတ်ဆက်တယ် ဆော့တယ် ကိုယ်တွေထမင်းစားနေရင်လိုက်မတောင်းစားဘူး သူတို့ဘာသာသူတို့လိုက်စောင့်ပေးရင်းဆော့နေတယ် Quarantine အချိန်သူတို့လေးတွေကိုယ့်ဆီရောက်လာတာကံကောင်းတယ် သူတို့အတွက်အချိန်အပြည့်အဝပေးနိုင်လို့လေ ” ဆိုတဲ့ စာလေးတွေနဲ့ အိမ်မှာနေကာ သူမရဲ့အချစ်တော်ခွေးလေးတွေကို အချိန်ပေးနေကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော ပက်ထရစ်ရှာရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သူမရဲ့အချစ်တော်လေးတွေကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source – Sue Sha Naing
Candy -CeleConnections

error: Alert: Content is protected !!