

 


 

 


Source : Ei Chaw Po
ယူနီကုတ်ဖြင့်ဖတ်ရန်

” သရုပ်ဆောင်ဘက်မှာတင်မက အကမှာလည်း ကျွမ်းကျင်ကြောင်း သက်သေပြလိုက်တဲ့ အိချောပိုရဲ့ ဗီဒီယိုဖိုင် ”

CeleCoonnections ပရိသတ်ကြီးရေခပ်မိုက်မိုက် ဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေတဲ့မင်းသမီးကိုပြပါဆိုရင် အိချောဆိုတာမလွဲပါပဲနော်။ ဒါ့အပြင် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ကြတဲ့အပြင် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူတစ်ဦးလို့ဆိုရမှာပါ။

ချစ်တဲ့ပရိသတ်တွေက စူစူလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီး စူစူကတော့အဆိုပိုင်းမှာလည်း ထူးချွန်သူလေးလို့ ဆိုရမှာပါ။အဘက်ဘက်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့ စူစူကတော့ သူ့ရဲ့ပွဲတက်စတိုင်တွေကလည်း ပရိသတ်တွေ အတွက် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်သူခင်သူတွေပေါများနေတာပဲ ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းတွေလည်းမကြာခဏပြုလုပ်တတ်တဲ့သူလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေထပ်မံအချစ်ပိုရတဲ့ အချက်လေးကတော့ ပွင့်လင်းပြီး ပျော်ပျော်နေတတ်ကာ ချစ်စရာကောင်းတဲ့ TikTok လေးတွေဆော့ကစား တတ်တာကြောင့် အချစ်ပိုနေကြတယ်လို့ ဆိုရမှာပါ။လက်ရှိ သူမအနေနဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာမှာ “ပျင်းလို့ TikTok မှာခေတ်စားနေတဲ့အကလေးကလိုက်တာပါ..” ဆိုတဲ့ စာလေးနဲ့ အတူ အမိုက်စားကချက်လေးတွေနဲ့ အကမှာလည်း ကျွမ်းကျင်ကြောင်း ချပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အိချောပိုရဲ့ TikTok လေးကိုကြည့်ြ့ပီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Ei Chaw Po
Candy -CeleConnections

 

error: Alert: Content is protected !!