Source: Shwe Paing’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
လူတွေကို ကူညီပေးချင်ပါတယ်ခင်ဗျာ ဆိုတဲ့ ကြင်နာတတ်တဲ့ နှလုံးသားလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေပိုင်လေးရဲ့ ဗီဒီယို
အဆိုတော် ဇော်ပိုင်က သူ့ရဲ့ သီချင်းတွေကြောင့် အောင်မြင်မှုရရှိထားရုံသာမက လိမ္မာရေးခြားရှိပြီး ကြင်နာတတ်တဲ့ သားလေးတစ်ယောက်ကြောင့် မျက်နှာပွင့်ရသူတစ်ယောက် ဖြစ်ပါတယ်။ ဇော်ပိုင်ရဲ့ တစ်ဦးတည်းသောသားလေး ရွှေပိုင်လေးကလည်း စိတ်နှလုံးသားသိမ်မွေ့ပြီး စကားပြောယဉ်ကျေးသူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ချစ်နေရသူလေးတစ်ယောက်လို့ ဆိုရင်လည်း မမှားပါဘူး။
ဒီနေ့မှာလည်း ရွှေပိုင်လေးက မိခင်ကို အိမ်သန့်ရှင်းရေးအတူတူ လုပ်ပေးနေတဲ့ ဗီဒီယိုလေးတစ်ခုကို တွေ့ရပါတယ်။ ထိုဗီဒီယိုလေးမှာ ရွှေပိုင်က ကြင်နာတတ်တဲ့ နှလုံးသားလေးရှိကြောင်းကို ထင်ထင်ရှားရှားကြီးတွေ့နိုင်တာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
ရွှေပိုင်လေးကတော့ အသက် (၈)နှစ်အရွယ်သာရှိသေးပေမယ့် အရမ်းကို လိမ္မာရေးခြားရှိပြီး မိဘက အားကိုးရတဲ့ သားလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေပိုင်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။
Source: Shwe Paing’s fb
Bilie – Cele Connections
error: Alert: Content is protected !!