ယူနီကုဒ်ဖြင့် ဖတ်ရန်
“လီလီပန်းကိုယ်တွယ်နည်းလေးကို ကိုယ်တိုင်ကိုယ်တွယ်ကာ လက်တွေ့ရှင်းပြထားတဲ့ လွင်မိုးရဲ့ ဗီဒီယိုဖိုင်”
ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးလွင်မိုးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ လွင်မိုးကတော့ စီးပွားရေးမှာ လည်း အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်..။ လွင်မိုးက ရှားပါးပြီး လှပတဲ့ လီလီပန်းတွေကို မြန်မာနိုင်ငံမှာ ပထမဆုံးစိုက်ပျိုးကာ မျိုးစိတ်အသစ်တွေကိုလည်း စမ်းသပ်စိုက်ပျိုးကာ အောင်မြင်ခဲ့ပါတယ်.။
လွင်မိုးက လှပလွန်းတဲ့ လီလီပန်းတွေကို မေမြို့မှာ စိုက်ပျိုးကာ ကိုယ်တိုင် ရောင်းချနေတာပဲဖြစ်ပါတယ်..။ ရောင်းကောင်းလွန်းလို့ သူ့ရဲ့ဝန်ထမ်းတွေတောင် လုပ်မနိုင်တာကြောင့် သူကိုယ်တိုင်တောင် ဝင်ရောက်ကာ လုပ်ကိုင်နေရတဲ့ အခြေအနေထိကို အောင်မြင်ပြီး လူကြိုက်များနေတာပါ..။ ဒီနေ့ ဧပြီလ (၂၂)ရက်နေ့မှာတော့ လွင်မိုးက လီလီပန်းတွေ ကိုင်တွယ်နည်း ဗီဒီယိုဖိုင်လေးကို “လီလီပန်းကိုကိုင်တွယ်ပုံလေးပါ.။ Video credit to-Zaw Latt” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
လူသိပ်မသိတဲ့ လီလီပန်းကိုင်တွယ်နည်းမှန်လေးကို ကိုယ်တိုင် ကိုယ်တွယ်ကာ ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက် လွင်မိုးရဲ့ လီလီပန်းကိုယ်တွယ်နည်း ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source: Lwin Moe’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!