“ဘာကိုမွ အေလးအနက္မထားေတာ့ဘဲ ေပါ့ေပါ့ပါးပါးေလးပဲ ဘဝကို ျဖတ္သန္းေနတယ္ဆိုတဲ့ ပန္ကိတ္ဒါဒါ”

Beauty Blogger မေလး ပန္ကိတ္ဒါဒါကိုေတာ့ Cele Connections ပရိသတ္ႀကီးနဲ႕ အထူးတလည္ မိတ္ဆက္ေပးစရာမလုိေအာင္ ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ သူမရဲ႕ အလုပ္ေလးေတြကိုလည္း Beauty Blogger အလုပ္ကိုလည္း လုပ္ကိုင္ကာ ေအာင္ျမင္လာတဲ့ ပန္ကိတ္ေလးက မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အမ်ားဆံုးရရွိထားတဲ့ သူပါ..။ ပန္ကိတ္ေလးက လက္ရွိမွာ Sngle ဘဝနဲ႕ေပ်ာ္ရႊင္စြာ ေနထိုင္ရင္း အခ်ိန္ေတြကို ကုန္ဆံုးေနတဲ့သူ ပဲျဖစ္ပါတယ္ေနာ္.။

 

 

 

ပြင္ပြင့္လင္းလင္း ေျပာဆိုတတ္ၿပီး ရိုးရိုးရွင္းရွင္းေနထိုင္တဲ့ အျပဳအမူေလးေတြဟာ သူမကို ပရိသတ္ေတြက အခ်စ္ပိုရတဲ့ အခ်က္ေလး ျဖစ္မယ္ထင္ပါတယ္။ သူမရဲ႕ ေန႕စဥ္ လႈပ္ရွားမႈ ပံုရိပ္ေလးေတြနဲ႕ အလွအပ ဆိုင္ရာေလးေတြကို သူမရဲ႕ ေပ့ခ်္ကေန တင္ေလ့ရွိၿပီး ခံစားခ်က္ေလးေတြကိုိေတာ့ သူမရဲ႕ အေကာင့္မွာ တင္ကာ ရင္ဖြင့္ေလ့ရွိသူပါ..။ ဒီေန႕ ဧၿပီလ (၂၂)ရက္ေန႕မွာေတာ့ ပန္ကိတ္ေလးက သူမရဲ႕ ေနထိုင္တဲ့ ပံုစံေလးကို “ေပ်ာ္စရာ၊ ရယ္ေမာစရာ၊ ခ်စ္စရာ ဟာသ ေလးေတြဆို အရမ္းသေဘာက်တယ္။ သူမ်ားတင္ထားတာျဖစ္ျဖစ္ ၊ page တစ္ခုခုကေနျဖစ္ျဖစ္ သေဘာက်ရင္ My day တို႕မွာ ျပန္တင္တာေတြ ၊ share တာေတြ ၊ post အေနနဲ႕ ေရးတာေတြ လုပ္ေလ့ရွိတယ္။ ကိုယ္တိုင္လည္း ဘယ္သူ႕ကိုမွ မထိခိုက္မယ့္ ဟာသေတြ ရယ္စရာေတြ ေျပာရတာ ႀကိဳက္တယ္။ လူ႕ဘဝကတိုတိုေလးေလေနာ္။

 

 

အရာအားလံုးကို စိတ္ထဲ အေလးအနက္ေတြ ထားၿပီး ေန႕တိုင္းဘယ္သူေနႏိုင္လဲ။ ကိုယ္ေတာ့မေနႏိုင္ဘူး။ ေပ်ာ္ခ်င္တဲ့အခါေပ်ာ္မယ္။ ငိုခ်င္တဲ့အခါ ငိုခ်မယ္။ ၿပီးေတာ့ ခြီခ်င္တဲ့အခါ ခြီမယ္။ Don’t try to understand me. You will never graduate” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ဘာအေၾကာင္းအရာကိုမွ အေလးအနက္မထားေတာ့ဘဲ စိတ္ထဲရွိတဲ့အတိုင္း ေနထိုင္ေနတဲ့ သူမရဲ႕ Life Style ေလးကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးထဲမွာလည္း ပန္ကိတ္ေလးလို ေပါ့ေပါ့ပါးပါး ဘဝကို ျဖတ္သန္းေနတဲ့ သူေတြ ရွိရင္လည္း မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ပါဦးေနာ္.။
Source: Ya Min Oo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဘာကိုမှ အလေးအနက်မထားတော့ဘဲ ပေါ့ပေါ့ပါးပါးလေးပဲ ဘဝကို ဖြတ်သန်းနေတယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ”

Beauty Blogger မလေး ပန်ကိတ်ဒါဒါကိုတော့ Cele Connections ပရိသတ်ကြီးနဲ့ အထူးတလည် မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သူမရဲ့ အလုပ်လေးတွေကိုလည်း Beauty Blogger အလုပ်ကိုလည်း လုပ်ကိုင်ကာ အောင်မြင်လာတဲ့ ပန်ကိတ်လေးက မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ သူပါ..။ ပန်ကိတ်လေးက လက်ရှိမှာ Sngle ဘဝနဲ့ပျော်ရွှင်စွာ နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးနေတဲ့သူပဲဖြစ်ပါတယ်နော်.။

ပွင်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်တဲ့ အပြုအမူလေးတွေဟာ သူမကို ပရိသတ်တွေက အချစ်ပိုရတဲ့ အချက်လေး ဖြစ်မယ်ထင်ပါတယ်။ သူမရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ အလှအပ ဆိုင်ရာလေးတွေကို သူမရဲ့ ပေ့ချ်ကနေ တင်လေ့ရှိပြီး ခံစားချက်လေးတွေကိုတော့ သူမရဲ့ အကောင့်မှာ တင်ကာ ရင်ဖွင့်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၂)ရက်နေ့မှာတော့ ပန်ကိတ်လေးက သူမရဲ့ နေထိုင်တဲ့ ပုံစံလေးကို “ပျော်စရာ၊ ရယ်မောစရာ၊ ချစ်စရာ ဟာသ လေးတွေဆို အရမ်းသဘောကျတယ်။ သူများတင်ထားတာဖြစ်ဖြစ် ၊ page တစ်ခုခုကနေဖြစ်ဖြစ် သဘောကျရင် My day တို့မှာ ပြန်တင်တာတွေ ၊ share တာတွေ ၊ post အနေနဲ့ ရေးတာတွေ လုပ်လေ့ရှိတယ်။ ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ မထိခိုက်မယ့် ဟာသတွေ ရယ်စရာတွေ ပြောရတာ ကြိုက်တယ်။ လူ့ဘဝကတိုတိုလေးလေနော်။

အရာအားလုံးကို စိတ်ထဲ အလေးအနက်တွေ ထားပြီး နေ့တိုင်းဘယ်သူနေနိုင်လဲ။ ကိုယ်တော့မနေနိုင်ဘူး။ ပျော်ချင်တဲ့အခါပျော်မယ်။ ငိုချင်တဲ့အခါ ငိုချမယ်။ ပြီးတော့ ခွီချင်တဲ့အခါ ခွီမယ်။ Don’t try to understand me. You will never graduate” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဘာအကြောင်းအရာကိုမှ အလေးအနက်မထားတော့ဘဲ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်နေတဲ့ သူမရဲ့ Life Style လေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာလည်း ပန်ကိတ်လေးလို ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းနေတဲ့ သူတွေ ရှိရင်လည်း မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်.။
Source: Ya Min Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!