

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပရိသတ်တွေသဘောကျမဆုံးဖြစ်နေတဲ့ တိုင်ရွန်ရဲ့ Bathroom Challenge အမိုက်စား ဗီဒီယိုဖိုင်လေး”

ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချော တိုင်ရွန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အက်ရှင်ဇာတ်ကားများနဲ့ လိုက်ဖက်တဲ့ ဘော်ဒီ ပုံစံကြောင့် ဇာတ်ကြမ်း ကာရိုက်တာများကို ရိုက်ကူးလေ့ရှိပြီး အက်ရှင်ကာရိုက်တာများနဲ့ ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်..။ အများစုက အက်ရှင် ကာရိုက်တာရိုက်တဲ့အတွက် ခန္ဓာကိုယ်ကို အမြဲ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်တတ်တဲ့သူပါ.။

အမြဲလိုလို တက်ကြွ လန်းဆန်းနေပြီး ပျော်ပျော်နေတတ်တဲ့ တိုင်ရွန်က Tik Tok ဆော့တိုင်းမှာ သူများနဲ့ မတူ ထူးခြားတဲ့ ပုံစံလေးတွေနဲ့ ဆော့တတ်တဲ့သူလို့ ဆိုရမှာပါ..။ ဧပြီလ (၂၁)ရက်နေ့မှာတော့ တိုင်ရွန်က ထူးထူးခြားခြားလေး ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “Wronglever … disney ..bathroomchallenge” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ရေချိုးခန်းထဲမှာ Disney ကာတွန်းရဲ့ ပုံစံလေးအတိုင်း အမိုက်စားလေးဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးပဲဖြစ်ပါတယ်နော်..။

ထူးထူးခြားခြားလေးတွေ လုပ်တတ်တဲ့ တိုင်ရွန်ကတော့ ဒီတစ်ခါမှာ မျက်နှာအမူအရာပေါင်းစုံနဲ့ မင်းသားလို့ မပြောရအောင် ဆော့ထားတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးအတွက် တိုင်ရွန်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း တိုင်ရွန်ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Tyron Bejay’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!