

 

 


 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” ဒီနှစ်အိမ်မှာ Birthday Show ကြည့်နေတဲ့ပုံတွေကို သူ့ရဲ့ပိုစ့်အောက်မှာမှတ်ချက်ပေးဖို့တောင်းဆိုလိုက်တဲ့စိုင်းစိုင်း”

CeleConnections ပရိသတ်ကြီးရေ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ HipHop အဆိုလောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ နှစ်တိုင်းစိုင်းစိုင်း Birthday Showပွဲကို
တစ်နိုင်ငံလုံးကအားပေးတဲ့ မိန်းကလေးပရိသတ်တွေကတော့ တကယ့်ကိုအများအပြားပါပဲနော်။

စိုင်းစိုင်းရဲ့Sai Sai birthday showကိုနှစ်တိုင်း လာရောက်ကြည့်ရှူတဲ့ပရိသတ်တွေအတွက် Showပွဲမလုပ်ဖြစ်ခဲ့ပေမယ့် အိမ်မှာနေရင်းပရိသတ်တွေကြည့်ရှူနိုင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်SaiSaiBirthdayShowinBedroomကို မိန်းကလေးပရိသတ်များစွာကလည်း အိမ်ကနေ အားပေးခဲ့ကြတာပါ။

ဒီနေ့မှာတော့ “နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပြီးသွားရင် SAISAI Birthday Show ပွဲတက်ရောက်ကြတဲ့ပုံတွေကို ဒီ Page မှာ အမှတ်တရ စုတင်လေ့ရှိပါတယ် ပုံတွေရာထောင်ချီပေါ့ ဒီနှစ်တော့ ကျနော်တို့ ဓာတ်ဆရာတွေလည်း တစ်ပုံမှ မရိုက်လိုက်ရဘူး မရိုက်ရတာမှ အဆိုတော်ပုံပါ မရိုက်လိုက်ရပါဘူး ။ဒီတော့ ကျနော်ကြိုတင် Request လုပ်ထားတဲ့အတိုင်း ဒီနှစ်အိမ်မှာ Birthday Show ကြည့်နေတဲ့ပုံတွေကို Comment မှာ တင်ပေးပါခင်ဗျား ကျနော့်ရဲ့ 2020 Stay At Home Birthdayအမှတ်တရပေါ့ ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးထဲမှာရော SaiSaiBirthdayShowinBedroom ကိုအိမ်ကနေအားပေးခဲ့တဲ့သူတွေရှိရင်မှတ်ချ က်ပေးခဲ့ပါဦးနော်။

Source: SaiSaiKhamLeng
Candy – CeleConnections

error: Alert: Content is protected !!