ယူနီကုဒ်ဖြင့် ဖတ်ရန်
“ဒီနှစ်မွေးနေ့လေးက အိမ်ထဲမှာ နေရပေမယ့် သူမအတွက် ပျော်ရွှင်စရာ အကောင်းဆုံးမွေးနေ့လေးဖြစ်ခဲ့တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း”
မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဖြူဖြူကျော်သိန်းကတော့ ဆွဲဆောင်မှုရှိပြီး အားကောင်းလွန်းတဲ့ အသံနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်..။ အသည်းကွဲသီချင်းများနဲ့ ပိုလိုက်ဖက်ပြီး ဖြူဖြူရဲ့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေသည်” သီချင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းလို့ ပဲ ဆိုရမှာပါ..။
ဒီနေ့ ဧပြီလ (၂၂)ရက်နေ့မှာတော့ ဖြူဖြူရဲ့ အသက် (၃၀)နှစ်ပြည့် မွေးနေ့ မင်္ဂလာနေ့ရက်လေးပဲဖြစ်ပါတယ်..။ ပျော်ရွှင်ဖို့ကောင်း တဲ့ မွေးနေ့လေးကို ဖြတ်သန်းခွင့်ရခဲ့လို့ ပျော်ရွှင်မိတဲ့ အကြောင်းလေးကိုတော့ ဖြူဖြူက “အရမ်းပျော်ရတဲ့မွေးနေ့တစ်ခုပေါ့.။ အိမ်ထဲမှာပဲနေရပြီး ဒီလောက်ပျော်ရမယ်လို့ တစ်ခါမှမထင်ခဲ့မိဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းသလို… အားလုံးကိုလည်းကျေးဇူးတင်ပါတယ်.။ ပုံလေးတွေက အိမ်ဝင်းထဲမှာပဲ ရိုက်ထားတာပါ.။ စိတ်မပူကြနဲ့နော်.။” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်..။
မွေးနေ့ရှင်မလေး ဖြူဖြူကျော်သိန်းကတော့ တကယ့်ကို ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မွေးနေ့ရှင်မလေး ဖြူဖြူကျော်သိန်းရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်မလေး ဖြူဖြူကျော်သိန်းရဲ့ အသက် (၃၉)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေကိုလည်   ပြောပြပေးသွားပါဦးနော်..။
Source: PhyuPhyuKyawThein’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!