“ဆံပင္ေတြကို ကိုယ္တိုင္လက္စြမ္းျပလိုက္တယ္ဆိုတဲ့ ထြန္းထြန္း “

CeleConnectionsပရိသတ္ႀကီးေရ ထြန္းထြန္းကေတာ့ အဆိုဘက္မွာသာကြၽမ္းက်င္႐ုံသာမက သ႐ုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္ေၾကာင္းသက္ေသျပႏိုင္တဲ့အဆိုေတာ္မင္းသားတစ္လက္ပါ။ အဆိုေတာ္လဲ ျဖစ္သလို သ႐ုပ္ေဆာင္အကယ္ဒမဖိထူးခြၽန္ဆုကိုရရွိပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ဆိုတာ အမွန္ပါပဲေနာ္။

 

အၿမဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေပါ့ေပါ့ပါးပါးေနတတ္တဲ့ မင္းသားတစ္လက္ျဖစ္ၿပီး ပရိသတ္ေတြ သေဘာက်အားေပးတဲ့ ႏွင္းဆီအၿငိမ့္ရဲ႕အဖြဲ႕ဝင္တစ္ေယာက္လည္း ​ဟုတ္ပါတယ္ေနာ္။ ဒါ့အျပင္အားကစားမွာလည္း ဝါသနာပါကာ က်န္းမာေရးလိုက္စားတဲ့အျပင္ မိန္းကေလးပရိသတ္ေတြ ေႂကြေလာက္တဲ့ ေဘာ္ဒီကိုလည္းပိုင္ဆိုင္ထားျပန္ပါေသးတယ္။

 

လက္ရွိမွာ ျဖစ္ပြားေနတဲ့ Covid 19နဲ႔ပတ္သက္ၿပီးေဆာင္ရန္ေရွာင္ရန္ေတြကိုအင္တိုက္အားတိုက္ ျပဳလုပ္ကာ သူကိုယ္တိုင္လည္း လိုက္နာေနေၾကာင္းပရိသတ္ေတြကို ေဝမွ်ေနတဲ့သူပါ။ လက္ရွိမွာလည္း Covid 19ေၾကာင့္ အျပင္မထြက္ဘဲ အိမ္မွာေနေနကာ ဆံပင္ညႇပ္ဆိုင္ေတြလည္း ပိတ္ထားတာေၾကာင့္ ကိုယ္တိုင္ ဆံပင္ေတြ ညႇပ္ျဖစ္ေၾကာင္းကို “ကိုကိုထြန္းထြန္းဆံသမွႀကိဳဆိုပါတယ္ “ဆိုကာ သူ႔ရဲ႕ဆံပင္ညႇပ္ထားတဲ့ပုံရိပ္ေတြကိုေဝမွ်ခဲ့တာပါ။ CeleConnectionsပရိသတ္ႀကီးလည္း ကိုကိုထြန္းထြန္းလို ကိုယ့္ဘာသာ လက္စြမ္းျပတဲ့သူေတြ ရွိရင္မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

 

 

Source: Htin Aung Tun
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

“ဆံပင်တွေကို ကိုယ်တိုင်လက်စွမ်းပြလိုက်တယ်ဆိုတဲ့ ထွန်းထွန်း ”

CeleConnectionsပရိသတ်ကြီးရေ ထွန်းထွန်းကတော့ အဆိုဘက်မှာသာကျွမ်းကျင်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ကြောင်းသက်သေပြနိုင်တဲ့အဆိုတော်မင်းသားတစ်လက်ပါ။ အဆိုတော်လဲ ဖြစ်သလို သရုပ်ဆောင်အကယ်ဒမဖိထူးချွန်ဆုကိုရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဆိုတာ အမှန်ပါပဲနော်။

အမြဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်တွေ သဘောကျအားပေးတဲ့ နှင်းဆီအငြိမ့်ရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဟုတ်ပါတယ်နော်။ ဒါ့အပြင်အားကစားမှာလည်း ဝါသနာပါကာ ကျန်းမာရေးလိုက်စားတဲ့အပြင် မိန်းကလေးပရိသတ်တွေ ကြွေလောက်တဲ့ ဘော်ဒီကိုလည်းပိုင်ဆိုင်ထားပြန်ပါသေးတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကိုအင်တိုက်အားတိုက် ပြုလုပ်ကာ သူကိုယ်တိုင်လည်း လိုက်နာနေကြောင်းပရိသတ်တွေကို ဝေမျှနေတဲ့သူပါ။ လက်ရှိမှာလည်း Covid 19ကြောင့် အပြင်မထွက်ဘဲ အိမ်မှာနေနေကာ ဆံပင်ညှပ်ဆိုင်တွေလည်း ပိတ်ထားတာကြောင့် ကိုယ်တိုင် ဆံပင်တွေ ညှပ်ဖြစ်ကြောင်းကို “ကိုကိုထွန်းထွန်းဆံသမှကြိုဆိုပါတယ် “ဆိုကာ သူ့ရဲ့ဆံပင်ညှပ်ထားတဲ့ပုံရိပ်တွေကိုဝေမျှခဲ့တာပါ။ CeleConnectionsပရိသတ်ကြီးလည်း ကိုကိုထွန်းထွန်းလို ကိုယ့်ဘာသာ လက်စွမ်းပြတဲ့သူတွေ ရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Htin Aung Tun
Candy -CeleConnections

error: Alert: Content is protected !!