

 

 


 

 


 

 

Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ရတဲ့ သူငယ်ချင်း အလင်းရောင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောလိုက်တဲ့ဖွေးဖွေး

ဖွေးဖွေးနဲ့ အလင်းရောင်တို့က ဒါရိုက်တာ ဝိုင်းရဲ့ သားတပည့်များပီပီ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများကို အတူတူ ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးတို့နှစ်ယောက် သရုပ်ဆောင်ထားတဲ့ “သတို့သမီး”၊ “ပပဝတီ စီရင်ခန်း”၊ “သမတ္တကြီးထံပေးစာ”၊ “ရွှေကြာ” ဇာတ်ကားတွေကလည်း အောင်မြင်မှု ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၂၂) ရက်နေ့ကတော့ မင်းသားချော အလင်းရောင်ရဲ့ မွေးနေ့ဖြစ်သူ ဖွေးဖွေးက သူမရဲ့ သူငယ်ချင်းအတွက် မွေးနေ့ဆုတောင်းပေးထားပါတယ်။

” ဟက်ပီးဘတ်ဒေး အလင်းရောင် !! ပွဲတက်ပုံတွေ ရိုက်ကွင်းပုံတွေမတင်တော့ဘူး။ “ကံ့ကော်နီ” ရိုက်အပြီး ခွက်ပုန်းကစ်နေကြပုံလေးပဲတင်လိုက်တယ်။ခုလိုကာလမှာ ဘာပဲဖြစ်ဖြစ် တခါမှမကြုံဘူးသေးတဲ့အတွေ့အကြုံနဲ့အတူ အတွေးသစ် စိတ်ကူးသစ်တွေ တွေ့ချင်တာတွေ ထပ်တွေ့ပါစေ။” ဆိုပြီး ဖွေးဖွေးက ဆုတောင်းပေးထားပါတယ်။

ဖွေးဖွေးနဲ့ အလင်းရောင်တို့ သရုပ်ဆောင်ထားကြတဲ့ “ကံကော်နီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင် ရုံတင်ပြသတော့မှာမို့ ဆက်ဆက်အားပေးဖို့ မမေ့ကြပါနဲ့နော်။ ပရိသတ်ကြီးကလည်း အလင်းရောင်အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦး။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!