



Source : May Mi Ko Ko
ယူနီကုတ်ဖြင့်ဖတ်ရန်

” ခုလိုအိမ်မှာနေနေရတဲ့အချိန်မှာ တမိုးအောက်တည်းမှာလို့တွေးပြီးနေပေးပါလို့ ဆိုလိုက်တဲ့ မေမီကိုကို ”

CeleConnections ပရိသတ်ကြီးရေ မေမီကိုကိုဟာဆိုရင်Star Awards (2018 ) မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီး ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး အားပေးခံရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးဆိုလည်းမမှားပါဘူးနော်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲလို့ဆိုရမှာပါ။ မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတာပဲ ဖြစ်ပါတယ်။ MRTV-(4) ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ပရိသတ်တွေ အထူးကြိုက်နှစ်သက်ခဲ့တဲ့ ” လိပ်ပြာနှောင်ကြိုး ” ဇာတ်လမ်းတွဲမှာ “ဂျူရီ ” အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

မေမီကိုကိုကတော့ TikTokလေးတွေ အမြဲဆော့ကာ ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ရှိတဲ့သူလေးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့သူမရဲ့လူမှူကွန်ရက်စာမျက်နှာမှာ ” ငါတို့မတွေ့ရပေမဲ့…ဟိုးအပေါ်ကိုမော့ကြည့်လိုက် မင်းမြင်နေရတဲ့ ကောင်းကင် ကြီးကိုတွေ့လား ငါလည်းမြင်နေရတယ် ဒါကြောင့်ငါတို့ ဝေးမနေပါဘူး။ ” ဆိုတဲ့ စာလေးနဲ့ ပရိသတ်တွေကိုလွမ်းနေကြောင်း ပုံရိပ်လှလှလေးတွေကို တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့မေမီကိုကို ကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : May Mi Ko Ko
Candy -CeleConnections

error: Alert: Content is protected !!