

 

 


 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်တိုင်က Positive လူနာတစ်ယောက်ဖြစ်ပေမယ့် မိသားစုဝင်အားလုံးနဲ့ သူနဲ့ထိတွေ့ခဲ့တဲ့သူတိုင်း Negative ဆိုလို့ ဝမ်းသာတယ်ဆိုတဲ့ နီတာ

အဆိုတော် နီတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Covid – 19 ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ နီတာမှာ Covid – 19 ပိုးတွေ့ရှိရတာကြောင့် သူ့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကလူတွေကလည်း Quarantine ဝင်နေရပြီး ဆေးစစ်ခံထားရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နီတာက သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ သူအားလုံးရဲ့ ဆေးစစ်ချက်အဖြေကို သိရပြီး ဝမ်းသာနေကြောင်း အခုလိုပဲ ပြောထားပါတယ်။

“ကျွန်တော် နီတာက လူနာဖြစ်နေပေမယ့်လည်း မိသားစုဝင်အားလုံးနဲ့ အမရာဆောင်တစ်ဆောင်လုံးဆေးစစ်မှု Negative ဆိုလို့အရမ်းဝမ်းသာမိပါတယ် ခင်ဗျ” ဆိုပြီး အားလုံးအတွက် ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။

နီတာကတော့ သူကိုယ်တိုင် Covid – 19 ပိုး ကူးစက်ခံနေရပြီး ဆေးကုသမှုခံယူနေရပေမယ့် သူ့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေအတွက် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ နီတာလည်း ရောဂါအမြန်ဆုံး သက်သာပျောက်ကင်းပြီး မိသားစုတွေနဲ့ အမြန်ဆုံး ပြန်တွေ့ရပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ni Tar Vocalist’s fb
Bilie – Cele Connections

error: Alert: Content is protected !!