ကိုယ္တစ္ေယာက္တည္းေဆာ့ရတာ အားမရလို႔ဆိုၿပီး သမီးနဲ႔ ခ်စ္သူကိုပါေခၚၿပီး Tik Tok ေဆာ့ခဲ့တဲ့ ခိုင္ႏွင္းေဝ

တစ္ခ်ိန္က ဆံပင္ရွည္ေလးနဲ႔ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ဖမ္းစားခဲ့ႏိုင္တဲ့ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝက အသက္ႀကီးလာတာနဲ႔အမွ် ေကာင္းသတင္းေတြနဲ႔ ပိုၿပီး နာမည္ေက်ာ္လာပါတယ္။ ပရဟိတ မင္းသမီးလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ ပရဟိတစိတ္ဓာတ္ျပင္းထန္သူ ခိုင္ႏွင္းေဝက “ခိုင္ႏွင္းေဝ ပရဟိတလူငယ္မ်ားအသင္း” နဲ႔ “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ” တို႔ကို ဖြင့္လွစ္ထားသူတစ္ဦးပါ။

 

 

ခ်စ္စရာေကာင္းတဲ့ သမီးေလး ႐ႊန္းရတီခိုင္နဲ႔ သူမေနာက္ကို အရိပ္ေလးလို တေကာက္ေကာက္လိုက္တဲ့ ခ်စ္သူေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ ခိုင္ႏွင္းေဝက ဒီေန႔မွာလည္း သူမကို ခ်စ္တဲ့သူႏွစ္ေယာက္နဲ႔ Tik Tok ေလးေတြ ေဆာ့ၿပီး ေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။ ခိုင္ႏွင္းေဝက “ကိုယ္တေယာက္ထဲေတာ့ မ႐ူးႏိုင္ဘူး..ေဘးက ၂ ေယာက္ပါ ႐ူးခိုင္းမယ္” ဆိုျပီး ဗီဒီယိုေလးေတြကို မွ်ေဝခဲ့ပါတယ္။

 

ခိုင္နွင္းေဝကေတာ့ ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ရင္း သူမကို ေပ်ာ္ရႊင္ေစတဲ့ သူေတြေၾကာင့္ စိတ္ခ်မ္းသာေနရတာပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ မင္းသမီးေလး ခိုင္နွင္းေဝ ဒီထက္မက ေပ်ာ္ရႊင္မႈေတြကို ရရိွပိုင္ဆိုင္နိုင္ပါေစေနာ္။

 

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်တစ်ယောက်တည်းဆော့ရတာ အားမရလို့ဆိုပြီး သမီးနဲ့ ချစ်သူကိုပါခေါ်ပြီး Tik Tok ဆော့ခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့နိုင်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အသက်ကြီးလာတာနဲ့အမျှ ကောင်းသတင်းတွေနဲ့ ပိုပြီး နာမည်ကျော်လာပါတယ်။ ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တို့ကို ဖွင့်လှစ်ထားသူတစ်ဦးပါ။

ချစ်စရာကောင်းတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ သူမနောက်ကို အရိပ်လေးလို တကောက်ကောက်လိုက်တဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေက ဒီနေ့မှာလည်း သူမကို ချစ်တဲ့သူနှစ်ယောက်နဲ့ Tik Tok လေးတွေ ဆော့ပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက “ကိုယ်တယောက်ထဲတော့ မရူးနိုင်ဘူး..ဘေးက ၂ ယောက်ပါ ရူးခိုင်းမယ်” ဆိုပြီး ဗီဒီယိုလေးတွေကို မျှဝေခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရင်း သူမကို ပျော်ရွှင်စေတဲ့ သူတွေကြောင့် စိတ်ချမ်းသာနေရတာပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ မင်းသမီးလေး ခိုင်နှင်းဝေ ဒီထက်မက ပျော်ရွှင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!