

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကမ္ဘာကြီးအေးချမ်းတဲ့အချိန် နေရာသစ်တွေ သွားကာ ငေးမောနေချင်သေးတယ်ဆိုတဲ့ နေခြည်ဦး”

မြန်မာနိုင်ငံရဲ့ နာမည်ကျော် Beauty bloggerသမားတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးနဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နေခြည်ဦးကတော့ MNTV ရုပ်သံဇာတ်လမ်းတွဲရဲ့ “အိမ်မက်တွေမိုးထားတဲ့ “ဇာတ်လမ်းတွဲမှာလည်း ကျရာဇာတ်ရုပ်အတိုင်း ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံခံရတဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမရဲ့အားပေးနေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေလျက်ရှိပါတယ်။

နေခြည်ဦးကတော့ အိမ်မှာနေရင်း သူမရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံရိပ်လေးတွေနဲ့ အပျင်းပြေဆော့ထားတဲ့ tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက”နေရာသစ်တွေ သွားပြီး အံ့ဩ ငေးမော နေချင်သေးတယ်ကမ္ဘာမြေကြီးရယ်” လို့ဆိုကာ သူမရဲ့ စိတ်ကူးတချို့ ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုလိုစိုးရိမ်နေတဲ့အချိန်မှာ နေရာသစ်သွားကာ ငေးမောနေချင်တယ်ဆိုတဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ စိတ်ကူးတချို့ကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နေခြည်ဦးလိုပဲ စိတ်ကူးထပ်တူကျမယ်လို့ထင်ပါတယ်။

Soure… Nay Chi Oo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!