“Summersေလးေတြေၾကြဆင္းသြားေအာင္ ေတာ္ကီေလးေတြနဲ႕ ခ်ဳပ္လိုက္တဲ့ ဘင္ဂ်မင္ဆုမ္း”

Myanmar Idol Season(4)ရဲ႕ Runner Up တစ္ဦးျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကို ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ ဘင္ဂ်မင္ဆုမ္းကေတာ့ ၿပိဳင္ပြဲဝင္ထဲကမွ ထူးျခားတဲ့ အသံပါဝါေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အမ်ားဆုံးရရွိထားသူတစ္ဦးဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူရဲ႕ အားေပးတဲ့ ပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေတြကို ထြက္ရွိလာႏိုင္ေအာင္လည္း ႀကိဳးစားေနလ်က္ရွိပါတယ္။

 

 

ဘင္ဂ်မင္ကေတာ့ ကို႐ိုနာေရာဂါေတြျဖစ္ပြားမႈျပန႔္ႏွံေနတာေၾကာင့္ သူရဲ႕ ေဖ်ာ္ေျဖေရးပြဲေတြကို ေခတၱရပ္နားထားကာ အိမ္မွာေနရင္း အမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဘင္ဂ်မင္ဆုမ္းက” အခုခ်ိန္မွာ လူတိုင္းက Covid-19 ေၾကာင့္ မိမိအိမ္မွာပဲေနေနရပါတယ္။ခ်စ္သူရည္းစားေတြလည္း ​တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္း​ေတြ သတိရေနၾကမွာေသခ်ာတာေပါ့ဗ်ာ။ သို႔ေသာ္ ကိုယ္ကေတာ့ကမာၻေပၚမွာ Covid-19 ရွိမရွိ မသိခင္ကတည္းက Summers ေတြကို အၿမဲတမ္း သတိရၿပီး မရွိမျဖစ္လိုအပ္ေနသူတစ္ေယာက္ပါ” လို႕ဆိုကာ သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။ သူရဲ႕ Summersေလးေတြကို အျမဲတမ္းလိုလို သတိရေနတဲ့အေၾကာင္းကို တင္ေပးလိုက္တာပါပဲေနာ္။

 

CeleConnections ပရိသတ္ေတြအတြက္ ဘင္ဂ်မင္ဆုမ္းက Summersေလးေတြကို ေတာ္ကီခ်ဳပ္လိုက္တဲ့ အေၾကာင္းကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ပရိသတ္ႀကီးကလည္း ဘင္ဂ်မင္ဆုမ္းကို အားေပးခ်စ္ခင္တယ္ဆိုရင္ မွတ္ခ်က္ေလးတစ္ခုေရးေပးခဲ့ၾကပါေနာ္။

Soure… Benjamin Sum’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“Summersလေးတွေကြွေဆင်းသွားအောင် တော်ကီလေးတွေနဲ့ ချုပ်လိုက်တဲ့ ဘင်ဂျမင်ဆုမ်း”

Myanmar Idol Season(4)ရဲ့ Runner Up တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ပြိုင်ပွဲဝင်ထဲကမှ ထူးခြားတဲ့ အသံပါဝါကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိထားသူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အားပေးတဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်အောင်လည်း ကြိုးစားနေလျက်ရှိပါတယ်။

ဘင်ဂျမင်ကတော့ ကိုရိုနာရောဂါတွေဖြစ်ပွားမှုပြန့်နှံနေတာကြောင့် သူရဲ့ ဖျော်ဖြေရေးပွဲတွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဘင်ဂျမင်ဆုမ်းက” အခုချိန်မှာ လူတိုင်းက Covid-19 ကြောင့် မိမိအိမ်မှာပဲနေနေရပါတယ်။ချစ်သူရည်းစားတွေလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းတွေ သတိရနေကြမှာသေချာတာပေါ့ဗျာ။ သို့သော် ကိုယ်ကတော့ကမ္ဘာပေါ်မှာ Covid-19 ရှိမရှိ မသိခင်ကတည်းက Summers တွေကို အမြဲတမ်း သတိရပြီး မရှိမဖြစ်လိုအပ်နေသူတစ်ယောက်ပါ” လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ Summersလေးတွေကို အမြဲတမ်းလိုလို သတိရနေတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဘင်ဂျမင်ဆုမ်းက Summersလေးတွေကို တော်ကီချုပ်လိုက်တဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ဘင်ဂျမင်ဆုမ်းကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုရေးပေးခဲ့ကြပါနော်။

Soure… Benjamin Sum’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!