

 

 


 

Soure…G-fatt’s Facebook
ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“Stay Homeနေရင်း တစ်နေကုန်ပြုမူနေထိုင်မှုလေးတွေကို ပြောပြလာတဲ့G-fatt”

မြန်မာနိုင်ငံရဲ့နာမည်ကျော် Rapအဆိုတော်တစ်ဦးဖြစ်တဲ့ G-fattနဲ့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ G-fattကတော့ Rapသံစဉ်တွေပိုင်းမှာပါ ကျွမ်းကျင်စွာသီဆိုနိုင်ရုံတင်မက သီချင်းအေးအေးလေးတွေကိုလည်း ပရိသတ်တွေရင်ထဲကို ရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့ပရိသတ်တွေအတွက် သီချင်းအသစ်တွေထွက်ဖို့ကိုလည်း အကောင်းဆုံးကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

G-fattကတော့ ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနေရင်းနဲ့ သီချင်းအသစ်တွေကို ကိုယ်တိုင်ရေးလေ့ရှိတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ G-fattက”တစ်နေကုန် ဖုန်းကြည့် ကြည့်ပြီးရင် TV ဂိမ်းဆော့ Game ဆော့ပြီးရင် Computerကြည့်ပြီးရင်ဖုန်းပြန်ကြည့်အခုရုပ်ရှင်တစ်ကားပြမယ် ဒါကြည့်ပြီးရင်တော့ အိပ်ပါတော့ မျက်လုံးလေးရယ် ..လိမ္မာပါတယ် ..Covid ပြီးရင် တောင်တန်းတွေ လိုက်ပြပါ့မယ်” လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ကြီးပြီးရင် ပရိသတ်တွေအတွက် တောင်တန်းကြီးကိုလိုက်ပြမယ်ဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် G-fattရဲ့ တောင်တန်းတွေလိုက်ပြမယ်ဆိုတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း G-fattကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…G-fatt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!