Quarantine ဝင္ေနရခ်ိန္ ေျမးေလးနဲ့ ဇနီးသည္ စိတ္ခ်မ္းသာရေအာင္ ေျပာတတ္တဲ့ ေဇာ္ဝင္းထြဋ္အေၾကာင္း ေျပာျပလာတဲ့ ဝင္းထြဋ္တာရာ

အဆိုေတာ္ၾကီး ေဇာ္ဝင္းထြဋ္ကေတာ့ Covid – 19 Positive လူနာနဲ့ ထိေတြ့မႈရိွခဲ့တာေၾကာင့္ သူ့ဆႏၵနဲ့သူ Quarantine (၂၁) ရက္ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြနဲ့ မိသားစုဝင္ေတြကေတာ့ ေဇာ္ဝင္းထြဋ္အတြက္ စိတ္ပူပန္မႈေတြ ရိွေနေပမယ့္ ေဇာ္ဝင္းထြဋ္ကေတာ့ က်န္းက်န္းမာမာနဲ့ ပံုမွန္အေျခအေနအတိုင္းရိွေနဆဲပါ။ ဒီေန့မွာေတာ့ ေဇာ္ဝင္းထြဋ္ရဲ့ သမီးျဖစ္သူ ဝင္းထြဋ္တာရာက ဇနီးနဲ့ ေျမးကို စိတ္ခ်မ္းသာေအာင္ ေျပာတတ္တဲ့ သူမရဲ့ ေဖေဖအေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။

 

 

“ဘိုးဘိုးသြားမယ္ဆိုေတာ့ မမေကသရာက ငိုယိုၿပီး ေသာင္းက်န္းတာ ဝက္ဝက္ကြဲေပါ့! ဘြားဘြားကလဲ မ်က္ႏွာမေကာင္းဘူးေပါ့! အဲဒီမွာ ဘိုးဘိုးက ေျပာတယ္ “ဘိုးဘိုးက ဘိုးဘိုးနဲ႔ ဘြားဘြားနဲ႔ စေတြ႕တဲ့ ေနရာ…ဒိတ္ခဲ့တဲ့ ေနရာမွာ ခဏေလးပဲ သြားေနမွာေနာ္” တဲ့! ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ကို ပစ္တယ္ဆိုတာ ဒါမ်ိဳးကို ေျပာတာ ေနမွာ!” ဆိုျပီး ဝင္းထြဋ္တာရာက သူမရဲ့ ေဖေဖ ေဇာ္ဝင္းထြဋ္ရဲ့အေျပာကို သေဘာက်ေနရွာပါတယ္။

 

 

ေဇာ္ဝင္းထြဋ္ကေတာ့ တကယ့္ကို ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ အဆိုေတာ္ၾကီး ေဇာ္ဝင္းထြဋ္တစ္ေယာက္ က်န္းမာစြာနဲ့ အိမ္ကို ျပန္နိုင္ပါေစလို့ Cele Connections မွ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

 

Source: Win Htut Tara’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Quarantine ဝင်နေရချိန် မြေးလေးနဲ့ ဇနီးသည် စိတ်ချမ်းသာရအောင် ပြောတတ်တဲ့ ဇော်ဝင်းထွဋ်အကြောင်း ပြောပြလာတဲ့ ဝင်းထွဋ်တာရာ

အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ Covid – 19 Positive လူနာနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် သူ့ဆန္ဒနဲ့သူ Quarantine (၂၁) ရက် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မိသားစုဝင်တွေကတော့ ဇော်ဝင်းထွဋ်အတွက် စိတ်ပူပန်မှုတွေ ရှိနေပေမယ့် ဇော်ဝင်းထွဋ်ကတော့ ကျန်းကျန်းမာမာနဲ့ ပုံမှန်အခြေအနေအတိုင်းရှိနေဆဲပါ။ ဒီနေ့မှာတော့ ဇော်ဝင်းထွဋ်ရဲ့ သမီးဖြစ်သူ ဝင်းထွဋ်တာရာက ဇနီးနဲ့ မြေးကို စိတ်ချမ်းသာအောင် ပြောတတ်တဲ့ သူမရဲ့ ဖေဖေအကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“ဘိုးဘိုးသွားမယ်ဆိုတော့ မမကေသရာက ငိုယိုပြီး သောင်းကျန်းတာ ဝက်ဝက်ကွဲပေါ့! ဘွားဘွားကလဲ မျက်နှာမကောင်းဘူးပေါ့! အဲဒီမှာ ဘိုးဘိုးက ပြောတယ် “ဘိုးဘိုးက ဘိုးဘိုးနဲ့ ဘွားဘွားနဲ့ စတွေ့တဲ့ နေရာ…ဒိတ်ခဲ့တဲ့ နေရာမှာ ခဏလေးပဲ သွားနေမှာနော်” တဲ့! ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တယ်ဆိုတာ ဒါမျိုးကို ပြောတာ နေမှာ!” ဆိုပြီး ဝင်းထွဋ်တာရာက သူမရဲ့ ဖေဖေ ဇော်ဝင်းထွဋ်ရဲ့အပြောကို သဘောကျနေရှာပါတယ်။

ဇော်ဝင်းထွဋ်ကတော့ တကယ့်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဆိုတော်ကြီး ဇော်ဝင်းထွဋ်တစ်ယောက် ကျန်းမာစွာနဲ့ အိမ်ကို ပြန်နိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Win Htut Tara’s fb
Bilie – Cele Connections

error: Alert: Content is protected !!