Source : Htin Aung Tun
ယူနီကုတ်ဖြင့်ဖတ်ရန်
” Music United FC ကအနုပညာ ညီအစ်ကိုတွေနဲ့အတူ ဘောလုံးအရမ်းကန်ချင်နေပြီဆိုတဲ့ ထွန်းထွန်း ”
CeleConnections ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်အောင်ဆိူနိုင်တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပါ။တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Examplex ” အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်။
ဒါအပြင်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တော်တော်များများရဲ့ ချီးကျူးအားပေးခြင်းကိုခံရသူပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ နှင်းဆီအငြိမ့်ရဲ့အဖွဲ့ဝင်တစ်ယောက်လို့လည်းဆိုရမှာပါ။အမြဲပျော်ပျော်နေတတ်ပြီး ကျန်းမာရေးလိုက်စားကာ မိန်းကလေးတွေကြွေရလောက်တဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားသူပါ။
ဒီနေ့မှာတော့ ” အေး တော်တော်ကန်ချင်နေတာနော်အားလုံးကို သတိရတယ် Music United FC က ညီအစ်ကိုတို့ရေပွဲတွေလည်း ကြည့်ချင်နေပြီစောင်Virus ” ဆိုတဲ့ စာလေးနဲ့ Covid 19 ကြောင့် အိမ်အပြင်မထွက်ရတဲ့အပြင် အားကစားဝါသနာပါတဲ့သူဖြစ်တာကြောင့် ဘောလုံးကန်ချင်နေကြောင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ထွန်းထွန်းလိုပဲ ဖြစ်ချင်တာတွေလုပ်ချင်တာတွေမျိုသိပ်ထားရတာတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Htin Aung Tun
Candy CeleConnections
error: Alert: Content is protected !!