ေမေမ့ရဲ့ ေမြးေန့ပြဲမွာ အေဝးကိုေရာက္ေနရွာတဲ့ ညီမေလး ဂ်က္စီကာကို သတိတရရိွေနတဲ့ ေမဂေရ့စ္ပယ္ရီ

ၾသစေတးလ်နဲ့ ျမန္မာ ေသြးေနွာေလးေတြျဖစ္ၾကတဲ့ ေမဂေရ့စ္ပယ္ရီနဲ့ ဂ်က္စီကာပယ္ရီတုိ့ ညီအစ္မက ဖခင္ျဖစ္သူရဲ့ ဘုိဆန္တဲ့မ်က္နွာေပါက္နဲ့ မိခင္ရဲ့ ျမန္မာဆန္တဲ့ အလွအပေတြကို အေမြဆက္ခံထားသူေလးေတြပဲ ျဖစ္ပါတယ္။ ေမဂေရ့စ္ပယ္ရီကေတာ့ ေမာ္ဒယ္၊ သရုပ္ေဆာင္အျဖစ္ လုပ္ကိုင္သလို ညီမေလး ဂ်က္စီကာပယ္ရီကေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ရင္း ၾသစေတးလ်မွာ ေက်ာင္းတက္ေနတာပဲ ျဖစ္ပါတယ္။

 

 

မေန့က ဧျပီလ (၂၀) ရက္ေန့ကေတာ့ ေမဂေရ့စ္တို့ ေမေမရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေမဂေရ့စ္ကေတာ့ ေမေမ့ရဲ ့ေမြးေန့ေလးကို က်င္းပရင္း အေဝးမွာ ေက်ာင္းသြားတက္ေနရတဲ့ ညီမေလး ဂ်က္စီကာကို သတိရေနေၾကာင္း ေျပာျပထားပါတယ္။ ပရိသတ္ေတြအတြက္ ေမဂေရ့စ္တို့ မိသားစုရဲ့ ေမြးေန့ပြဲေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

 

 

ေမဂေရ့စ္တို့ မိသားစုေလးကေတာ့ အရမ္းခ်စ္စရာေကာင္းၾကတာပဲေနာ္။ ညီမေလး ဂ်က္စီကာလည္း အေဝးကေန မိသားစုကို သတိတရရိွေနမယ္လို့ ထင္ပါတယ္။

 

 

Source: May Grace Parry’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေ့ရဲ့ မွေးနေ့ပွဲမှာ အဝေးကိုရောက်နေရှာတဲ့ ညီမလေး ဂျက်စီကာကို သတိတရရှိနေတဲ့ မေဂရေ့စ်ပယ်ရီ

သြစတေးလျနဲ့ မြန်မာ သွေးနှောလေးတွေဖြစ်ကြတဲ့ မေဂရေ့စ်ပယ်ရီနဲ့ ဂျက်စီကာပယ်ရီတို့ ညီအစ်မက ဖခင်ဖြစ်သူရဲ့ ဘိုဆန်တဲ့မျက်နှာပေါက်နဲ့ မိခင်ရဲ့ မြန်မာဆန်တဲ့ အလှအပတွေကို အမွေဆက်ခံထားသူလေးတွေပဲ ဖြစ်ပါတယ်။ မေဂရေ့စ်ပယ်ရီကတော့ မော်ဒယ်၊ သရုပ်ဆောင်အဖြစ် လုပ်ကိုင်သလို ညီမလေး ဂျက်စီကာပယ်ရီကတော့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ရင်း သြစတေးလျမှာ ကျောင်းတက်နေတာပဲ ဖြစ်ပါတယ်။

မနေ့က ဧပြီလ (၂၀) ရက်နေ့ကတော့ မေဂရေ့စ်တို့ မေမေရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မေဂရေ့စ်ကတော့ မေမေ့ရဲ့မွေးနေ့လေးကို ကျင်းပရင်း အဝေးမှာ ကျောင်းသွားတက်နေရတဲ့ ညီမလေး ဂျက်စီကာကို သတိရနေကြောင်း ပြောပြထားပါတယ်။ ပရိသတ်တွေအတွက် မေဂရေ့စ်တို့ မိသားစုရဲ့ မွေးနေ့ပွဲလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မေဂရေ့စ်တို့ မိသားစုလေးကတော့ အရမ်းချစ်စရာကောင်းကြတာပဲနော်။ ညီမလေး ဂျက်စီကာလည်း အဝေးကနေ မိသားစုကို သတိတရရှိနေမယ်လို့ ထင်ပါတယ်။

Source: May Grace Parry’s fb
Bilie – Cele Connections

error: Alert: Content is protected !!