

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အမျိုးသားတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သေးသေးမွှားမွှားအစ ပိုင်ဆိုင်ထားကြောင်း သက်သေပြလိုက်တဲ့ ပိုင်တံခွန်

စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ညှို့အားပြင်းတဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ ယောကျာ်းဆန်ဆန် အသွင်အပြင်ကြောင့် မိန်းကလေးတိုင်းက အသည်းစွဲ ဖြစ်နေရတာပါ။ ရုပ်ချောသလို မျက်နှာချိုပြီး စိတ်သဘောထား ညင်သာနူးညံ့တဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ ပိုင်တံခွန်က အခုဆိုရင် ပြည်တွင်း၊ ပြည်ပမှ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံလေးတချို့ကို မျှဝေလာတာကို တွေ့ရပါတယ်။ ထိုဓာတ်ပုံတွေမှာ ပိုင်တံခွန်က ယောကျာ်းချောတစ်ယောက်ရဲ့ အသက်လို့ ပြောရမယ့် သွေးကြောမျှင်မျှင်လေးတွေ၊ ရှည်လျားတဲ့လက်ချောင်းတွေနဲ့ လည်တိုင်ရှင်းရှင်းတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောရုံသာမက သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းကိုက ဆွဲဆောင်မှုရှိနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အခုပုံရိပ်တွေကိုကြည့်ပြီး ပိုလို့တောင် သဘောကျသွားကြမယ် ထင်ပါတယ်နော်။

Source: Paing Takhon’s fb
Bilie – Cele Connections

error: Alert: Content is protected !!