ယူနီကုဒ်ဖြင့်ဖတ်ရန်
သူ့ကို ဖေ့စ်ဘုတ်မှာ Follow ထားသူ အရေအတွက် တစ်ဝက်ကျော်ဟာ အမျိုးသားတွေဖြစ်နေကြောင်းပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်
အနုပညာလောကမှာ ဆယ်စုနှစ် နှစ်စုစာ အောင်မြင်ကျော်ကြားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို အသက်အရွယ် မျိုးစုံက ပရိသတ်တွေက ကြိုက်နှစ်သက်ကြပါတယ်။ စိုင်းစိုင်းကို အားပေးကြတဲ့ ပရိသတ်အများစုက အမျိုးသမီးတွေဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွေက အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ ဖေ့စ်ဘုတ် Page ကိုကြည့်ပြီး တချို့ Data တွေက ကိုယ်ထင်သလို မဟုတ်မှန်းသိလာတဲ့အကြောင်းကို ပြောပြလာပါတယ်။
“အချက်အလက်တွေဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ပုံမှန်အားဖြင့်ဆိုရင် ကိုယ့်ကိုယ်ရှုပ်နေပြီးတော့ ကျနော့် Page insight ကို ဝင်ကြည့်လေ့မရှိပေမယ့် အခု Company တစ်ခုက demographic တောင်းလို့ ဝင်ကြည့်တော့မှ တချို့ Data တွေက ကိုယ်ထင်သလို မဟုတ်မှန်းသိလာတယ်။ ကျနော့် Page မှာ Like လုပ်ထားတဲ့အရေအတွက် 8.8 M နဲ့ Follower 9.1 M ရှိနေပါတယ်။ အသက် 18 – 24 က အများဆုံးနဲ့ 25 – 34 က ဒုတိယအများဆုံးပါ။”
“Follower စုစုပေါင်းရဲ့ 52% က အမျိုးသားတွေဖြစ်ပါတယ်။ မြန်မာပြည်တွင်းက အများဆုံးနဲ့ ဒုတိယက ထိုင်း။ပြည်တွင်းမှာမှ ရန်ကုန်ရယ် မန္တလေးရယ် အများဆုံး။ ဘာရယ်မဟုတ်ဘူး အိမ်မှာပဲ့နေနေရတော့ ဒေတာတွေ ဝင်ဖတ်မိပြီး စိတ်ဝင်စားသွားလို့ရယ် ကျနော့ပရိသတ်တွေကိုလည်း insight ကို အကြမ်းဖျဉ်းမျှဝေပေးချင်တာရယ်ပါ။ ဒေတာတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျနော့်အတွက်တော့ သင်ခန်းစာပါပဲ။” ဆိုပြီး ပြောပြလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ အချိုးအစားကို Page insight မှတဆင့်သိရပြီး သူထင်ထားသလို မဟုတ်မှန်းသိရတယ်လို့ ပြောပြလာပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Sai Sai Kham Leng’s fb
Bilie _Cele Connections
error: Alert: Content is protected !!