

 


 

 


 

Source :Zay Ye Htet
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူသုံးနေတဲ့ Instagram အကောင့်အစစ်ကို အတုတွေနဲ့မမှားရအောင် ပြောပြလာတဲ့ ဇေရဲထက် ”

CeleConnections ပရိသတ်ကြီးရေ ဇေရဲထက်ကတော့ နိုင်ငံကျော်ပြည်သူ့အချစ်တော်မင်းသားတစ်လက်ဖြစ်ပြီး ကိုရီးယားမင်းသားတွေ လို ချောမောလှတဲ့ သူတစ်ယောက်ပါ။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်မှာ ရှမ်းရှမ်းတောက် အောင်မြင်ခဲ့ပြီး မိန်းကလေး ပရိသတ် တော်တော်များများရဲ့ နှစ်ခြိုက်အားပေးရတဲ့ မင်းသားတစ်လက်ပါ။

ဇေရဲထက်ကတော့ လက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19နဲ့ပတ်သက်ပြီး လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ မင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ဒါ့အပြင် ပရိသတ်တွေကိုလည်း Covid 19နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်သင့်တာတွေအပြင် ရှောင်ရမယ့်အချက်တွေကိုလည်း ဝေမျှပေးနေတဲ့သူတစ်ယောက်ပါ။

အမြဲမဟုတ်မခံစိတ်ရှိပြီး စိတ်ရင်းဒကောင်းလွန်းတဲ့ မင်းသားတစ်လက်ဆိုတာတော့ အထူးပြောစရာမလိုပါဘူးနော်။ ဒီနေ့မှာတော့ ” ဒါကျနော့်ရဲ့ အင်စတောဂရမ်အစစ်ပါ ကျန်တာတွေကအတုပါ please like &share ” ဆိုတဲ့ စာလေးနဲ့ ပရိသတ်တွေကိုအသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ အင်စတောဂရမ်အကောင့်အစစ်လေးကို အကောင့်အတုတွေနဲ့မမှားရအောင်ဖော်ပြပေးလိုက်ပါတယ်။

Source :Zay Ye Htet
Candy –CeleConnections

error: Alert: Content is protected !!