“သူမရဲ႕ အိုင္ေဒါေတြနဲ႕ Club မွာ ဟာသဆန္ဆန္ ေဆာ့ထားတဲ့ သႏၱာဗိုလ္ရဲ႕ Tik Tok ဗီဒီယုိအသစ္ေလး”

ရုပ္ရွင္ သရုပ္ေဆာင္ ေမာ္ဒယ္ သႏၱာဗိုလ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ အရပ္ရွည္ရွည္ အမိုက္စား ခႏၶာေကာက္ေၾကာင္းနဲ႕ လွပတဲ့ သႏၱာဗိုလ္ကေတာ့ သရုပ္ေဆာင္ရာမွာလည္း အပိုအလုိမရွိ သရုပ္ေဆာင္နိုင္သလို ေမာ္ဒယ္ တစ္ေယာက္အေနနဲ႕ Run Way ေလွ်ာက္ရာမွာလည္း ေတာ္တဲ့ ေမာ္ဒယ္တစ္ဦးဆိုရင္လည္း မွားမယ္ မထင္ပါဘူး..။ အခ်စ္ေရးမွာေတာ့ မင္းသားေခ်ာ ေကာင္းျပည့္နဲ႕ တြဲေနတာ ခ်စ္သူသက္တမ္း (၈)နွစ္နီးပါး ရွိလို႕   ေနပါၿပီ..။

 

 

 

အျမဲ တက္ၾကြ လန္းဆန္းကာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သႏၱာဗိုလ္ကေတာ့ လတ္တေလာမွာ ရုတ္တရက္ ဆံုးပါးသြားတဲ့ မိခင္ေၾကာင့္ ခံစားေနရတာေၾကာင့္ အခ်ိန္ေတာ္ၾကာထိ လူမႈကြန္ရက္စာမ်က္နွာကို သံုးစြဲျခင္း မရွိခဲ့ပါဘူး..။ လူမႈကြန္ရက္စာမ်က္နွာကို သိပ္မသံုးျဖစ္ေတာ့တဲ့ သႏၱာဗိုလ္ကေတာ့ ဒီေန႕ ဧၿပီလ (၂၁)ရက္ေန႕မွာ ့ အမိုက္စား ေဆာ့ထားတဲ့ Tik Tok ဗီဒီယုိဖို္င္ေလးကို “ကိုယ့္ idol ေတြနဲ႔ clubမွာေယာက္ယက္ခတ္မႈ…bf ပါထည့္ခ်လိုက္တယ္ကြယ္.။ ဓာတ္ပုံေတြကို မေျပာဘဲယူသုံးမိလို႔ photo credit ပါေနာ္.။ aungyelin…၊naytoe..၊ kaungpyae.၊ tuntun” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

သႏၱာဗိုလ္ကေတာ့ Club မွာ သူမရဲ႕ အိုင္ေဒါေတြနဲ႕ ေယာက္ယက္ခတ္မႈျဖစ္ေနတဲ့ ပံုေလးေတြကို ဟာသဆန္ဆန္ ေဆာ့ထားတဲ့ Tik Tok ဗီဒီယုိဖို္င္ေလးပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း သႏၱာဗိုလ္ရဲ႕ Club အတြင္း အိုင္ေဒါမ်ားနဲ႕ ေယာက္ယက္ခတ္မႈ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..
Source: Thandar Bo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူမရဲ့ အိုင်ဒေါတွေနဲ့ Club မှာ ဟာသဆန်ဆန် ဆော့ထားတဲ့ သန္တာဗိုလ်ရဲ့ Tik Tok ဗီဒီယိုအသစ်လေး”

ရုပ်ရှင် သရုပ်ဆောင် မော်ဒယ် သန္တာဗိုလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အရပ်ရှည်ရှည် အမိုက်စား ခန္ဓာကောက်ကြောင်းနဲ့ လှပတဲ့ သန္တာဗိုလ်ကတော့ သရုပ်ဆောင်ရာမှာလည်း အပိုအလိုမရှိ သရုပ်ဆောင်နိုင်သလို မော်ဒယ် တစ်ယောက်အနေနဲ့ Run Way လျှောက်ရာမှာလည်း တော်တဲ့ မော်ဒယ်တစ်ဦးဆိုရင်လည်း မှားမယ် မထင်ပါဘူး..။ အချစ်ရေးမှာတော့ မင်းသားချော ကောင်းပြည့်နဲ့ တွဲနေတာ ချစ်သူသက်တမ်း (၈)နှစ်နီးပါး ရှိလို့ နေပါပြီ..။

အမြဲ တက်ကြွ လန်းဆန်းကာ ပျော်ပျော်နေတတ်တဲ့ သန္တာဗိုလ်ကတော့ လတ်တလောမှာ ရုတ်တရက် ဆုံးပါးသွားတဲ့ မိခင်ကြောင့် ခံစားနေရတာကြောင့် အချိန်တော်ကြာထိ လူမှုကွန်ရက်စာမျက်နှာကို သုံးစွဲခြင်း မရှိခဲ့ပါဘူး..။ လူမှုကွန်ရက်စာမျက်နှာကို သိပ်မသုံးဖြစ်တော့တဲ့ သန္တာဗိုလ်ကတော့ ဒီနေ့ ဧပြီလ (၂၁)ရက်နေ့မှာ့ အမိုက်စား ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “ကိုယ့် idol တွေနဲ့ clubမှာယောက်ယက်ခတ်မှု…bf ပါထည့်ချလိုက်တယ်ကွယ်.။ ဓာတ်ပုံတွေကို မပြောဘဲယူသုံးမိလို့ photo credit ပါနော်.။ aungyelin…၊naytoe..၊ kaungpyae.၊ tuntun” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သန္တာဗိုလ်ကတော့ Club မှာ သူမရဲ့ အိုင်ဒေါတွေနဲ့ ယောက်ယက်ခတ်မှုဖြစ်နေတဲ့ ပုံလေးတွေကို ဟာသဆန်ဆန် ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း သန္တာဗိုလ်ရဲ့ Club အတွင်း အိုင်ဒေါများနဲ့ ယောက်ယက်ခတ်မှု ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ   ပေးလိုက်ပါတယ်နော်..
Source: Thandar Bo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!