

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမကို မှီခိုနေတဲ့ သူတွေကြောင့် နေ့ရက်တိုင်းကို အားတင်းကာ နိုးထနေရတယ်ဆိုတဲ့ ခိုင်နှင်းဝေ”

ဆယ့်စုနှစ်တည်းကအောင်မြင်ကျော်ကြားလာခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေကတော့ သရုပ်ဆောင်မှုပိုင်းမှာ အောင်မြင်နေရုံသာမက သူမကိုယ်တိုင်တည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာနဲ့ ပရဟိတ လုပ်ငန်းပိုင်းတွေမှာပါ ကိုယ်တိုင် ဆောင်ရွက်လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေသိအောင် Official ချပြထားတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ကိုရိုနာရောဂါတွေဖြစ်ပွားနေပေမယ့် သူမရဲ့ မိဘဂေဟာလေးကိုတော့ အမြဲလိုလိုသွားရောက်ပေးတဲ့ဗီဒီယိုလေးတွေနဲ့ လိုအပ်နေတဲ့ သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက “ဂေဟာ နဲ့ မိမိ အိမ်အတွက် လိုတာထွက်ဝယ်ရင် ကိုယ်ပဲထွက်တယ်.မိမိကစပြီး စည်းကမ်းလိုက်နာစနစ်တကျ အပြင်ထွက်ပါတယ်။အရာရာ ဦးဆောင်နေရတဲ့သူတစ်ယောက်ဖြစ်လို့လားမသိ တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် အိမ်ထောင်ဦးစီး ယောင်္ကျားရင့်မာကြီးကျနေတာပဲ တစ်ခုခုဆို လဲလို့လဲမရ ပြိုလို့လဲမရ ကိုယ့် နောက်မှာ မှီခိုနေသူတွေ တသီတတန်းကြီး ဆိုတဲ့စိတ်နဲ့ နေ့စဉ်နိုးထ နေပါတယ်” လို့ဆိုကာ သူမရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်ဦးဆောင်နေရတဲ့အကြောင်းကို ပရိသတ်တွေသိအောင် တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခိုင်နှင်းဝေရဲ့ ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေကို ကြည့်ကာ သူမစိတ်ဓာတ်လေးကို အားကျနေကြမယ်လို့ ထင်ပါတယ်။

Soure….. Khine Hnin Wai’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!