

 

 


 

 


 

Source :Phway Phway
ယူနီကုတ်ဖြင့်ဖတ်ရန်

” လွန်ခဲ့တဲ့( ၇) နှစ်ကအမှတ်တရတစ်ခုကို ပြောပြလာတဲ့ ဖွေးဖွေး ”

CeleConnections ပရိသတ်ကြီးရေ ဖွေးဖွေးဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်တဲ့အပြင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူ တစ်ဦးပါ။ ရုပ်ရှင်ရိုက်တိုင်းလည်း ရိုက်ကွင်းကပုံရိပ်လေးတွေကို မကြာမကြာ ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ဖွေးစိန်ကတော့ ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိတ်ရောလူရောအားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီးသူတစ်ယောက်လို့ဆိုရမှာပါ။သူမကိုယ်သူမ Foodie တစ်ယောက်ပါလို့ ပြောလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။

ပွင့်လင်းလွန်းပြီးချစ်စရာကောင်းလွန်းတဲ့ ဖွေးစိန်လေးကတော့ လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့Covid19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေအပြင် အလှူတွေလည်း တတ်နိုင်သလာက်လှူတန်းနေတဲ့မင်းသမီးလေးတစ်လက်ပါ။ ဒီနေ့မှာတော့ လွန်ခဲ့တဲ့ (၇)နှစ်က ဒီလိုအချိန်မှာ ပရိသတ်တွေ အထူးသဘောကျအားပေးခဲ့ရတဲ့ ” ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေခဲ့ကြောင်း လွန်ခဲ့တဲ့ ၇နှစ်ကအမှတ်တရပုံရိပ်ဟောင်းလေးတွေနဲ့ပြောပြခဲ့တာပါ။ CeleConnection ပရိသတ်ကြီးရော ဖွေးဖွေးရိုက်ကူးခဲ့တဲ့ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးကိုမှတ်မိကြသေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Phway Phway
Candy –CeleConnections

error: Alert: Content is protected !!