“မ်ိဳးဆက္သစ္ လူငယ္ေလးေတြ မမွားဖုိ႕ ငယ္ဘဝမွာ မွားယြင္းခဲ့တဲ့ လုပ္ရပ္အမွားမ်ားကို ေျပာျပလာတဲ့ ေက်ာ္သူ”

ရုပ္ရွင္ မင္းသားႀကီး ေက်ာ္သူကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္ ..။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိထားတဲ့ ေက်ာ္သူကေတာ့ ငယ္ဘဝရဲ႕ သင္ခန္းစာေတြနဲ႕ ကို္တိုင္ ျပဳျပင္ကာ အမ်ားအက်ိဳး သယ္ပိုးတဲ့ အလုပ္ေတြကို ဦးေဆာင္ကာ လုပ္ေဆာင္ေနတဲ့သူပဲျဖစ္ပါတယ္..။ အနုပညာကို ခ်စ္ျမတ္နိုးသူပီပီ ရုပ္ရွင္ကားေတြကို ဆက္လက္ရိုက္ကူးျဖစ္ေနၿပီး ရိုက္ခ်က္ေတြေကာင္းတဲ့ ဒါရိုက္တာအေနနဲ႕ နာမည္ႀကီးသူတစ္ဦးလည္း ျဖစ္ပါေသးတယ္..။

 

 

 

ေက်ာ္သူက ဒီေန႕ ဧၿပီလ (၂၁)ရက္ေန႕မွာ သူ႕ဘဝနဲ႕ ရင္းၿပီး ရခဲ့ တဲ့ သင္ခန္းစာေတြကို “မိုက္ တယ္ကြာ…။ ေဂၚ တယ္ကြာ…။ ေဟာ့ တယ္ကြာ…။ လန္း တယ္ကြာ… လို႔ ေျပာေနမယ့္အစား ငါ အဲဒီအ႐ြယ္မွာ လူမႈေကာင္းက်ိဳး ဘာေတြမ်ားလုပ္ခဲ့လဲ? လက္ရွိ အခ်ိန္မွာေကာ အမ်ားေကာင္းက်ိဳးေတြ လုပ္ေနသလား? ဒါကို ျပန္ၿပီးသုံးသပ္ပါ။ ငယ္ဘဝ ဆိုတာျပန္မရႏိုင္ဘူး။ ငယ္ဘဝ ကထဲက စိတ္မေလဘဲ လူမႈေကာင္းက်ိဳးေတြကို ႏိုင္သေလာက္လုပ္ေပးခဲ့ရင္ ႀကီးဘဝမွာၿငိမ္းခ်မ္းမွာ အေသအခ်ာပဲ။ ငယ္ဘဝ မွာ “လူငယ္” ဆိုတဲ့ ပညတ္ကို ခုတုံးလုပ္ၿပီး ကဲခ်င္သလိုကဲ၊ ဆိုးခ်င္သလိုဆိုး၊ မိုက္ခ်င္သလို မိုက္ခဲ့ၾကရင္ေတာ့ ႀကီးလာတဲ့အခ်ိန္ေရာက္ရင္ ေကာင္းမႈေတြကို ျပန္အဖတ္ဆယ္ရတာ ေမာပါ့ကြာ…ေမာပါ့။ ဒါဟာ….ငါ ျပန္မရႏိုင္ေတာ့တဲ့ ငါ့ဘဝနဲ႔ရင္းၿပီး ခံစားခဲ့ရတဲ့ျဖစ္ရပ္ေဟာင္းေတြ၊ လုပ္ရပ္ေဟာင္းေတြရဲ႕ ျပစ္ခ်က္၊ဆိုးခ်က္ေတြပါ။

 

 

 

ဒါကို အထူး တိက် ေသခ်ာ ေလးနက္စြာ သင္ခန္းစာယူၾကပါ လူငယ္အေပါင္းတို႔…။ ေမတၱာ ေစတနာ အရင္းခံလ်က္….သက္ရွည္က်န္းမာခ်မ္းသာ ေသာကကင္းၾကပါေစ…. ေက်ာ္သူ ။” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ေက်ာ္သူက ကိုယ္တိုင္ ရရွိခဲ့တဲ့ သင္ခန္းစာေတြကို ေနာင္လာေနာင္သားမ်ိဳးဆက္ေလးေတြကိုလည္း မမွားယြင္းရေအာင္ မွ်ေဝတင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ငယ္ဘဝရဲ႕ သင္ခန္းစာေတြကို ယူကာ ႀကီးလာေတာ့ အမ်ားအက်ိဳးသယ္ပိုးတဲ့လူျဖစ္ေအာင္ ေနထိုင္ခဲ့တဲ့ ေက်ာ္သူကို ေလးစားအားက်ရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။
Source: Kyaw Thu’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မျိုးဆက်သစ် လူငယ်လေးတွေ မမှားဖို့ ငယ်ဘဝမှာ မှားယွင်းခဲ့တဲ့ လုပ်ရပ်အမှားများကို ပြောပြလာတဲ့ ကျော်သူ”

ရုပ်ရှင် မင်းသားကြီး ကျော်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော် ..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားတဲ့ ကျော်သူကတော့ ငယ်ဘဝရဲ့ သင်ခန်းစာတွေနဲ့ ကိုတိုင် ပြုပြင်ကာ အများအကျိုး သယ်ပိုးတဲ့ အလုပ်တွေကို ဦးဆောင်ကာ လုပ်ဆောင်နေတဲ့သူပဲဖြစ်ပါတယ်..။ အနုပညာကို ချစ်မြတ်နိုးသူပီပီ ရုပ်ရှင်ကားတွေကို ဆက်လက်ရိုက်ကူးဖြစ်နေပြီး ရိုက်ချက်တွေကောင်းတဲ့ ဒါရိုက်တာအနေနဲ့ နာမည်ကြီးသူတစ်ဦးလည်း ဖြစ်ပါသေးတယ်..။

ကျော်သူက ဒီနေ့ ဧပြီလ (၂၁)ရက်နေ့မှာ သူ့ဘဝနဲ့ ရင်းပြီး ရခဲ့ တဲ့ သင်ခန်းစာတွေကို “မိုက် တယ်ကွာ…။ ဂေါ် တယ်ကွာ…။ ဟော့ တယ်ကွာ…။ လန်း တယ်ကွာ… လို့ ပြောနေမယ့်အစား ငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုး ဘာတွေများလုပ်ခဲ့လဲ? လက်ရှိ အချိန်မှာကော အများကောင်းကျိုးတွေ လုပ်နေသလား? ဒါကို ပြန်ပြီးသုံးသပ်ပါ။ ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။ ငယ်ဘဝ ကထဲက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာပဲ။ ငယ်ဘဝ မှာ “လူငယ်” ဆိုတဲ့ ပညတ်ကို ခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ ဆိုးချင်သလိုဆိုး၊ မိုက်ချင်သလို မိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေကို ပြန်အဖတ်ဆယ်ရတာ မောပါ့ကွာ…မောပါ့။ ဒါဟာ….ငါ ပြန်မရနိုင်တော့တဲ့ ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရပ်ဟောင်းတွေရဲ့ ပြစ်ချက်၊ဆိုးချက်တွေပါ။

ဒါကို အထူး တိကျ သေချာ လေးနက်စွာ သင်ခန်းစာယူကြပါ လူငယ်အပေါင်းတို့…။ မေတ္တာ စေတနာ အရင်းခံလျက်….သက်ရှည်ကျန်းမာချမ်းသာ သောကကင်းကြပါစေ…. ကျော်သူ ။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ကျော်သူက ကိုယ်တိုင် ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နောင်လာနောင်သားမျိုးဆက်လေးတွေကိုလည်း မမှားယွင်းရအောင် မျှဝေတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ငယ်ဘဝရဲ့ သင်ခန်းစာတွေကို ယူကာ ကြီးလာတော့ အများအကျိုးသယ်ပိုးတဲ့လူဖြစ်အောင် နေထိုင်ခဲ့တဲ့ ကျော်သူကို လေးစားအားကျရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: Kyaw Thu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!