” မိသားစုနဲ႕အတူတူ အခ်ိန္ေတြကုန္ဆံုးကာ အေဖျဖစ္သူကို ဂရုတစိုက္ျပဳစုေပးေနတဲ့ တိုင္ရြန္ရဲ႕ ဗီဒီယိုဖိုင္ “

CeleConnections ပရိသတ္ႀကီးေရႏႈတ္ခမ္းနီမေလးေတြသည္းသည္းလႈပ္အားေပးဝန္းရံၾကတဲ့ ေမာ္ဒယ္လ္မင္းသားေခ်ာေလး တိုင္႐ြန္ဟာ ဒီေန႔မွာေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာ My Day မွာ ” အေဖေဆးလူးေပးတာလက္ၾကမ္းလို႕တဲ့ ” ဆိုတဲ့စာေလးနဲ႕ သူ႕ရဲ႕အေဖျဖစ္သူကိုေဆးလိမ္းေပးေနတဲ့ ဗီဒီယိုဖိုင္ေလးကို တင္ခဲ့တာပဲ ျဖစ္ပါတယ္။

 

တိုင္႐ြန္ကေတာ့ လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြဆက္တိုက္႐ိုက္ကူးလာရသူျဖစ္ၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းေနတဲ့ အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခ်က္ေတြေၾကာင့္ ဝါရင့္အႏုပညာရွင္ေတြကပါခ်ီးက်ဴးရတဲ့ သူတစ္ေယာက္လို႔ဆိုရမွာပါ။ အႏုပညာအလုပ္ေတြတင္မကဘဲ Gym ကိုပုံမွန္ကစားတတ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

 

 

သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အၿမဲေပါ့ပါူသြက္လက္ေနတတ္တဲ့ တိုင္႐ြန္တစ္ေယာက္ ကေတာ့ မိဘကို ရုိေသေလးစားကာ သိတတ္တဲ့ သားလိမၼာေလးပဲ ျဖစ္ပါတယ္။CeleConnecctions ပရိသတ္ႀကီးလည္း ေမာ္ဒယ္လ္မင္းသားေခ်ာေလး တိုင္႐ြန္တို႕သားအဖႏွစ္ေယာက္ရဲ႕ ဗီဒီယိုဖိုင္ေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

Source : Tyron Bejay
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” မိသားစုနဲ့အတူတူ အချိန်တွေကုန်ဆုံးကာ အဖေဖြစ်သူကို ဂရုတစိုက်ပြုစုပေးနေတဲ့ တိုင်ရွန်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေနှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးဝန်းရံကြတဲ့ မော်ဒယ်လ်မင်းသားချောလေး တိုင်ရွန်ဟာ ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My Day မှာ ” အဖေဆေးလူးပေးတာလက်ကြမ်းလို့တဲ့ ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့အဖေဖြစ်သူကိုဆေးလိမ်းပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးလာရသူဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ချက်တွေကြောင့် ဝါရင့်အနုပညာရှင်တွေကပါချီးကျူးရတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။ အနုပညာအလုပ်တွေတင်မကဘဲ Gym ကိုပုံမှန်ကစားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်ပြီး အမြဲပေါ့ပါူသွက်လက်နေတတ်တဲ့ တိုင်ရွန်တစ်ယောက် ကတော့ မိဘကို ရိုသေလေးစားကာ သိတတ်တဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ်။CeleConnecctions ပရိသတ်ကြီးလည်း မော်ဒယ်လ်မင်းသားချောလေး တိုင်ရွန်တို့သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Tyron Bejay
Candy –CeleConnections

error: Alert: Content is protected !!