

 


 

 


 

 

Source : A Nyein Phyu
ယူနီကုတ်ဖြင့်ဖတ်ရန်

” မနှစ်ကဒီလိုအချိန် ပြုလုပ်နေတဲ့ အရာလေးကို သတိရလွမ်းဆွတ်နေတဲ့ ဧငြိမ်းဖြူ ”

CeleConnectionsပရိသတ်ကြီးရေ ဧငြိမ်းဖြူကတော့ ကိုရီးယားမင်းသမီးလေးလို ကြည်လင်တဲ့အသားအရေကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ ဘာဘီအရုပ်လေးလိုလှပတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ဆိုရမှာပါ။

ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲကာ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲဘဝလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ဧငြိမ်းဖြူလေးကတော့ ဘယ်သွားသွားဘာလုပ်လုပ် အချိန်တိုင်းအသိပေးပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူဖြစ်တဲ့ ရဲရင့်အောင်ကို ပိုင်ဆိုင်ထားပြီး မွေးနေ့ရောက်တိုင်း ချစ်သူနဲ့ဖြတ်သန်းလေ့ရှိတယ်လို့ဆိုရမှာပါ။

လက်ရှိမှာလည်း မွေးနေ့ရောက်တိုင်း ချစ်သူနဲ့ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ ဧငြိမ်းဖြူကတော့ ” မနှစ်ကဒီလိုအချိန် မွေးနေ့အလှူတုန်းက Queenie A လေးတို့ရေ သတိရတယ် ” ဆိုတဲ့ စာလေးနဲ့ မနှစ်ကမွေးနေ့အလှူပုံရိပ်လေးတွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။
CeleConnections ပရိသတ်ကြီးထဲမှာရော ဧငြိမ်းဖြူလေးရဲ့ Queenie လေးတွေရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : A Nyein Phyu
Candy –CeleConnections

error: Alert: Content is protected !!