

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပရိသတ်တွေသဘောကျမဆုံးဖြစ်နေတဲ့ မေလသံစဉ်ရဲ့ စံပယ်ပန်းလေး Cover Song သီချင်း ဗီဒီယိုဖိုင်လေး”

အသက်ငယ်ငယ်လေးနဲ့ သီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ အဆိုတော်မလေး မေလသံစဉ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးချစ်ခင် ပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မေလလေးက မြန်မာတေးသီချင်းကြီးတွေကို သီဆိုရာမှာလည်း တော်သလို သီချင်းများကို ပြန်လည်ဆန်းသစ် သီဆိုရာမှာလည်း တော်သူတစ်ဦးလို့ ပြောရမှာပါ..။ သူမရဲ့ တေးသီချင်းတွေအပေါ် ရူးသွပ်မှုတွေကိုတော့ ပရိသတ်တွေလည်း သိပြီးသားဖြစ်မယ် ထင်ပါတယ်..။

မေလလေးက ပရိသတ်တွေ ရင်ထဲထိစေမယ့် တေးသီချင်းတွေကိုလည်း ကိုယ်တိုင် ရေးစပ်သီဆိုပြီး နာမည်ကြီးသီချင်းတော်တော်များများကိုလည်း Cover Song အနေနဲ့ ပြန်လည်သီဆိုလေ့ရှိသူပါ.။ ဧပြီလ (၂၀) ရက်နေ့မှာတော့ မေလသံစဉ်လေးက နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ တေးရေးဆရာ အောင်ကျော်ဟိန်းရဲ့ “စံပယ်ပန်း” သီချင်းလေးကို သူမပြန်လည် Cover Song သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို “တေးရေး/တေးဆို မူရင်း(ကို)အောင်ကျော်ဟိန်းရဲ့ “စံပယ်ပန်း”သီချင်းလေးကို cover ပြန်ဆိုပြီး StayHome ဖျော်ဖြေလိုက်ပါတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မေလလေးကတော့ သံစဉ် ငြိမ့်ငြိမ့်ညောင်းညောင်းလေးကို သူမရဲ့ အသံချိုချိုလေးနဲ့ လိုက်ဖက်အောင် သီဆိုထားတဲ့ အရမ်းကောင်းမွန်လွန်းလှပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မေလသံစဉ်လေးရဲ့ “စံပယ်ပန်း” သီချင်းကို ပြန်လည် Cover Song သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ မေလသံစဉ်လေးရဲ့ သီဆိုမှုလေးကို သဘောကျရင် မှတ်ချက်လေးတွေ   ရေးပေးသွားခဲ့ပါဦးနော်..။
Source: မေလသံစဉ် May Melody’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!