ယူနီကုဒ်ဖြင့်ဖတ်ရန်
“တစ်ယောက်သောသူကြောင့် ပျော်ရွှင်ခဲ့ရတယ်ဆိုတဲ့ မေမီကိုကို”
MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ပျားရည်အိုင်”ရုပ်သံဇာတ်လမ်းတွဲတွေ မြိုင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး မေမီကိုကို နဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမီကိုကိုကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနေ်ာ။ သူမဟာဆိုရင် ပရိသတ်တွေအားပေးရကျိုးနပ်အောင် ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
မေမီကိုကိုကတော့ အခုခေတ်စားနေတဲ့ tik tokလေးတွေဆော့ကာ သူမကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မေမီကိုကိုက” မင်းက ငါ့ရဲ့ နေရောင်ခြည် ပဲ၊ မင်းက ငါကို ပျော်စေတယ် ၊ ငါမင်းကို လိုအပ်တယ်”လို့ဆိုကာ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကို ပရိသတ်တွေမမေ့မလျော့သွားအောင် အလွမ်းအဆွေးကပ်ပရှင်းနဲ့ ပုံရိပ်လေးတွေကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် မေမီကိုကိုရဲ့ လိုအပ်နေတဲ့သူနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ကာ အလွမ်းပြေလောက်မယ်လို့ ထင်ပါတယ်။
Soure…. May Mi Ko Ko’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!