

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

” တစ်ယောက်သောသူနဲ့ ထမင်းအတူတူစားဖို့ စောင့်နေတယ်ဆိုတဲ့ ရွှေပိုးအိမ်”

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လုပ်ကိုင်ပေးတဲ့ ရွှေပိုးအိမ်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ရွှေပိုးအိမ်လေးကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်နေရုံသာမက ပရဟိတပိုင်းမှာလည်း ပရိသတ်တွေနဲ့ ရင်းနှီးချစ်ခင်မှုပိုမိုရရှိထားတဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားနေလျက်ရှိပါတယ်။

ရွှေပိုးအိမ်လေးကတော့ ခေတ်စားနေတဲ့ tik tokကို အပျင်းပြေဆော့ကာ သူမရဲ့ ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ရွှေပိုးအိမ်လေးက “အိမ် မြန်မြန် ပြန်လာခဲ့တော့ ထမင်းအတူတူစားဖို့ စောင့်နေမယ်နော်”လို့ ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို ရည်ရွယ်ကာ ခံစားချက်တွေကို ရေးပြီး တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

CeleConnections ပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့ ထမင်းတူတူစားဖို့စောင့်နေမယ်ဆိုတဲ့ အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်လေးက ထမင်းစားဖို့ စောင့်နေမယ်ဆိုတဲ့သူကို စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။

Soure…. Shwe Poe Eain’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!