

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“တစ်နေ့တစ်ခြားချစ်ဖို့ကောင်းပြီး သူမနားကပ်လွန်းတဲ့သမီးငယ်လေးကို ချစ်မဝဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ ဗီဒီယိုဖိုင်လေး”

ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး သဉ္ဇာနွယ်ဝင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သဉ္ဇာနွယ်ဝင်းက ရုပ်ရှင်ကားသိပ်ရိုက်ကူးခြင်း မရှိတော့ဘဲ ချစ်ဖို့ကောင်းလွန်းတဲ့ သားတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်.။ သဉ္ဇာလေးက တစ်နေ့တစ်ခြား ချစ်စရာကောင်းလွန်းတဲ့ သားနဲ့သမီးနှစ်ယောက်လုံးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

ဧပြီလ (၂၀)ရက်နေ့မှာတော့ သဉ္ဇာနွယ်ဝင်းက သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ ဗီဒီယိုဖိုင်လေးကို “ချစ်သမီးလေး အမေကိုအရမ်းကပ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ တစ်နေ့တစ်ခြား ချစ်ဖို့ပိုကောင်းလာပြီး သူမနားကပ်လွန်းတဲ့ သမီးဖြစ်သူကြောင့် ပျော်ရွှင်နေရပြီး သမီးလေးကို ချော့မြူနေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ သမီးလေးက သူမမြူလိုက်တိုင်း ပြုံးပျော်နေတဲ့ မျက်နှာလေးကြောင့် သဉ္ဇာနွယ်ဝင်းတစ်ယောက် အပြုံးပီတိတွေဖြာကာ ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း သဉ္ဇာနွယ်ဝင်းရဲ့ သမီးလေးကို ချော့မြူကာ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Thinzar Nwe Win’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!