ယူနီကုဒ်ဖြင့် ဖတ်ရန်
“ငယ်ငယ်တုန်းက ကိုယ်တိုင် အကြော်ကြော် ပြီး မုန့်ဟင်းခါး ရောင်းခဲ့တဲ့ ဘဝလေးမှာ ပျော်ခဲ့ရတယ်ဆိုတဲ့ မေကဗျာ”
သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုတွေကို ရရှိနေတဲ့ မင်းသမီးချော မေကဗျာကိုသေဘတာ့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အသက် (၃၆)နှစ်လို့ မထင်ရလောက်အောင် နုပျိုလှပလွန်းသူပဲဖြစ်ပါတယ်..။ သူမနဲ့ တူပြီး ချောမော ချစ်စရာကောင်း တဲ့ သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။
မေကဗျာက သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၁)ရက်နေ့မှာတော့ သူမရဲ့ ငယ်ဘဝတုန်းက အမှတ်တရလေးတွေ အကြောင်းကို “ပဲခူးသူလက်ရာ အမေ့သမီး ဆိုပေမယ့် အမေ့လက်ရာတော့မမှီပါ.။ ငယ်ငယ်လေးထဲက မုန့်ဟင်းခါးရောင်း အကြော်စုံမိသားစု ကိုယ်တိုင်ကြော် ချြက်ပီး လက်မလည်အောင် ရောင်းခဲ့ရတာ ငယ်ဘဝလေးကို ပျော်တယ်.။ ကျွန်မတို့ပဲခူးက မုန့်ဟင်းခါးကို သရက်သီးစိမ်း မရမ်းသီးစား ရေစိမ်တို့နဲ့ စားကြတာ ပါ.။ အဲ့လိုစားတာကို ကျွန်မကို ရူးနေတာတဲ့ ပဲခူးဆိုင်တွေမှာ အဲ့ပုလင်းလေးတွေ ချပေးထားပါတယ် ဆိုမယုံကြဘူး.။ မုန့်သက်ရှည် ဆွမ်းကပ်..”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ကိုယ်တိုင် အကြော်ကြော်ကာ မုန့်ဟင်းခါးရောင်းခဲ့တဲ့ အမှတ်တရလေးတွေကို သတိရတဲ့ အကြောင်းလေး ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး ..။ Cele Connections ပရိသတ်ကြီးလည်း သူမရဲ့ ငယ်ဘဝအကြောင်းအရာလေးတွေကို သတိရနေတဲ့ မေကဗျာလေးကို အားပေးရင် မှတ်ချက်လေးတွေ   ရေးသွားပါဦးနော်.။
Source: May Kabyar’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!