ခ်င္းျပည္နယ္ ပလက္ဝက စစ္ေဘးေရွာင္လူဦးေရ (၇၀၀၀) အတြက္ Mask ေတြ လွဴဒါန္းေပးသြားမယ့္ ထူးအယ္လင္း

အဆုိေတာ္ၾကီး ထူးအယ္လင္းရဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြၾကားမွာ ဘယ္ေတာ့မွ ရိုးမသြားမယ့္ သီခ်င္းေကာင္းေလးေတြျဖစ္ျပီး ဒီေန့ဒီအခ်ိန္ထိ ေရပန္းစားေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ ထူးအယ္လင္းက အသက္အရြယ္တစ္ခု ေရာက္ရိွလာခ်ိန္မွာ အနုပညာလုပ္ငန္းေတြနဲ့အတူတူ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကိုပါ ပူးတြဲလုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ထူးအယ္လင္းက ခ်င္းျပည္နယ္ ပလက္ဝ စစ္ေဘးေရွာင္လူဦးေရ (၇၀၀၀) အတြက္ Mask ေတြ လွဴဒါန္းေပးဖို့ စီစဥ္ေနေၾကာင္းကို ေျပာျပလာပါတယ္။

 

 

“ခ်င္းျပည္နယ္ ပလက္ဝ စစ္ေဘးေရွာင္လူဦးေရ ၇၀၀၀ ခုႏွစ္ေထာင္ေက်ာ္ကို mask လႈဖို႔ ျပင္ဆင္မယ္။ video file တင္ေပးထားပါတယ္။ ကၽြန္ေတာ့္႐ုပ္ကိုမၾကည့္နဲ႔ ။ ဖုန္းအသံ သီးသန္႔နားေထာင္ေပးအုံးဗ်” ဆိုျပီး စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တဲ့ အသံုးအေဆာင္၊ ေဆးဝါးေတြကို အလွဴရွင္ေတြ လွဴဒါန္းနိုင္ဖို့ ေျပာထားပါတယ္။

 

 

ထူးအယ္လင္းကေတာ့ ခ်ိဳ့တဲ့တဲ့ စစ္ေဘးေရွာင္ျပည္သူေပါင္း ခုနွစ္ေထာင္ေက်ာ္အတြက္ အလွဴအတန္းေတြ ျပဳလုပ္ေပးသြားမွာပဲ ျဖစ္ပါတယ္။ Cele Connections ပရိသတ္ၾကီးလည္း ထူးအယ္လင္းရဲ့ ကုသိုလ္ကို သာဓုေခၚေပးၾကပါဦးေနာ္။

 

 

Source: Htoo El Lynn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချင်းပြည်နယ် ပလက်ဝက စစ်ဘေးရှောင်လူဦးရေ (၇၀၀၀) အတွက် Mask တွေ လှူဒါန်းပေးသွားမယ့် ထူးအယ်လင်း

အဆိုတော်ကြီး ထူးအယ်လင်းရဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားမှာ ဘယ်တော့မှ ရိုးမသွားမယ့် သီချင်းကောင်းလေးတွေဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ရေပန်းစားအောင်မြင်နေဆဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာ အနုပညာလုပ်ငန်းတွေနဲ့အတူတူ လူမှုအကျိုးပြုလုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထူးအယ်လင်းက ချင်းပြည်နယ် ပလက်ဝ စစ်ဘေးရှောင်လူဦးရေ (၇၀၀၀) အတွက် Mask တွေ လှူဒါန်းပေးဖို့ စီစဉ်နေကြောင်းကို ပြောပြလာပါတယ်။

“ချင်းပြည်နယ် ပလက်ဝ စစ်ဘေးရှောင်လူဦးရေ ၇၀၀၀ ခုနှစ်ထောင်ကျော်ကို mask လှုဖို့ ပြင်ဆင်မယ်။ video file တင်ပေးထားပါတယ်။ ကျွန်တော့်ရုပ်ကိုမကြည့်နဲ့ ။ ဖုန်းအသံ သီးသန့်နားထောင်ပေးအုံးဗျ” ဆိုပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်၊ ဆေးဝါးတွေကို အလှူရှင်တွေ လှူဒါန်းနိုင်ဖို့ ပြောထားပါတယ်။

ထူးအယ်လင်းကတော့ ချို့တဲ့တဲ့ စစ်ဘေးရှောင်ပြည်သူပေါင်း ခုနှစ်ထောင်ကျော်အတွက် အလှူအတန်းတွေ ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးလည်း ထူးအယ်လင်းရဲ့ ကုသိုလ်ကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Htoo El Lynn’s fb
Bilie – Cele Connections

error: Alert: Content is protected !!